DVB Logo
Home
မြန်မာသတင်း
H1N1 ကာကွယ်ရေး ကလေးမြို့ ပြည်ခိုင်ဖြိုးပါတီမှ Mask များ ဖြန့်ဝေ ပညာပေး
DVB
·
July 29, 2017
H1N1 ကာကွယ်ရေး ကလေးမြို့ ပြည်ခိုင်ဖြိုးပါတီမှ Mask များ ဖြန့်ဝေ ပညာပေး
1 / 5
Donate to DVB

ကလေးမြို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ပေါင်းစုပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ် ထိစပ်နေရာဖြစ်တဲ့ ကလေးမြို့ ကိုးမိုင်မှာ H1N1 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှခေါင်းနဲ့ ပါးစပ်အုပ်(Mask)များ အခမဲ့  ဖြန့်ဝေတာကို မနေ့က ပြုလုပ်ခဲ့ပါတယ်။

“တဘက်နိုင်ငံမှာလည်း ဖြစ်တဲ့အပြင် မြန်မာပြည်မှာလည်း ဒီရောဂါက ဖြစ်နေတာပါ။ လူ ၅၀ လောက် ကူးစက်ပြီး ၆ ဦး သေဆုံးခဲ့တယ်လို့လည်း သိရတယ်။ ချင်းပြည်နယ် မတူပီကနေ စပြီး ခု ပလက်ဝထိတောင် တွေ့နေရတယ်လို့ သိရတယ်။ ဒါကြောင့် ခုလို ချင်းပြည်နဲ့ စစ်ကိုင်းကူး လမ်းပိတ်ပြီး ခရီးသွားတွေကို ခုလို mask တွေဝေပေးနေတာပါ။ ဒီလို လုပ်တာဟာလည်း ပြည်သူတို့ ကျန်းမာရေးအတွက် နိုင်ငံတော်ရဲ့ အလုပ်တခုကို ပြည်ခိုင်ဖြိုးပါတီက ပါဝင်ကူညီခြင်း ဖြစ်ပါတယ်" ကလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးတင်လှိုင်က ဆိုပါတယ်။

ပါတီအနေနဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဆက်သွယ်ရာ နယ်စပ်ဂိတ်မှာတင် mask တွေကို အခမဲ့ ဖြန့်ဝေပေးရုံမကဘဲ ကလေးမြို့တွင်း လူစည်ကားရာနေရာတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာလည်း ဆက်လက် ဝေငှသွားမယ်လို့ သိရပါတယ်။

“ဒီလိုဝေငှတယ်ဆိုတာ အသိပေးသက်သက် ဖြစ်ပါတယ်။ ဒီတခါသုံး mask တွေကို ပေးတယ်။ ဒီရောဂါဖြစ်နေတယ်။ ဒါကြောင့် ဒါတွေကို စွပ်သင့်တယ်။ ခုဟာက နမူနာပါ။ ဒါလေး ပျက်စီးသွားရင် မိမိအစီအစဉ်နဲ့ ထပ်ဝယ် အသုံးပြုကြဖို့လိုတယ်။ H1N1 ဆိုတာ အသက်ရှူလမ်းကြောင်းနေ ကူးစက်တာကြောင့် အသုံးပြုဖြစ်တယ်လို့လည်း ပညာပေးမှုပါ တခါတည်း လုပ်တယ်" လို့ ပြည်ခိုင်ဖြိုးပါတီဝင်တဦးက ဆိုပါတယ်။

H1N1 ဟာ ကူးစက်မှုမြန်ဆန်တဲ့ တုပ်ကွေးရောဂါတခုဖြစ်ပြီး အသက်အန္တရာယ်ကို ဖြစ်စေတဲ့ ကူးစက်မြန်ရောဂါတခုဖြစ်ပြီး ကပ်ရောဂါဆိုးကြီးတခု ဖြစ်လာမှာကို လူအတော်များများ စိုးရိမ်နေကြပါတယ်။

H1N1 ရောဂါဟာ စပိန်တုပ်ကွေးလို့ အမည်တွင်ခဲ့ပြီး ကမ္ဘာကိုခြိမ်းခြောက်ခဲ့တဲ့ ရောဂါပိုးလည်း ဖြစ်ပါတယ်။ အိမ်နီးချင်း အိန္ဒိယမှာ သေဆုံးသူ ရာချီလာပြီလို့သိရတာကြောင့် နယ်နိမိတ် ထိစပ်နေတဲ့ ချင်းပြည်နယ် အနေနဲ့ စိုးရိမ်ဖွယ် ဖြစ်နေပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013