DVB Logo
Home
မြန်မာသတင်း
ထားဝယ်နှင့် နေပြည်တော်တို့တွင် H1N1 လူနာနှင့် သံသယ လူနာများတွေ့
DVB
·
July 29, 2017
ထားဝယ်နှင့် နေပြည်တော်တို့တွင် H1N1 လူနာနှင့် သံသယ လူနာများတွေ့
Donate to DVB

ကြက်ငှက်တုပ်ကွေး ဖြစ်ပွားနေတဲ့ ထားဝယ်မြို့မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တယောက် ရာသီတုပ်ကွေး H1N1 ဖြစ်နေတယ်လို့ တိုင်းဒေသကြီး ကုသရေးဦးစီးမှူး ဒေါက်တာ မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါ H5N1 စတင်ဖြစ်ပွားတဲ့ ကြက်ခြံတွေနားမှာ နေထိုင်သူ ကလေး ၃ ယောက် ဖျားနာပြီး ဆေးရုံတင်လာတဲ့အတွက် စစ်ဆေးရာမှာ ကလေးတယောက်မှာ H1N1 ဗိုင်းရပ်စ်ပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကလေးကို သီးသန့်ကုသဆောင်မှာ ကုသပေးနေပြီး ကျန်းမာရေး အခြေအနေကောင်းတယ်လို့လည်း  ဒေါက်တာ မျိုးသန့်က ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ကုတင် ၁၀၀၀ ဆေးရုံကို ဆေးကုသဖို့ ရောက်ရှိလာတဲ့ လူနာတွေထဲက အမျိုးသမီးတယောက်နဲ့ ကလေးငယ်တယောက်မှာလည်း H1N1 သံသယရှိ ရောဂါလက္ခဏာ တွေ့ရတယ်လို့ နေပြည်တော် ကောင်စီနယ်မြေ ကုတင် ၁၀၀၀ ဆေးရုံရဲ့ ဒုတိယ ဆေးရုံအုပ် ဒေါက်တာအောင်လင်းအေးက ပြောပါတယ်။

ဒီလူနာတွေဟာ နေပြည်တော်၊ လယ်ဝေးမြို့နယ်က ဖြစ်ပြီး ကလေးငယ်ကိုတော့ ကလေးဆေးရုံကို လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

လူနာတွေရဲ့ ကျန်းမာရေးအခြေအနေကတော့ လက်ရှိ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ဒု ဆေးရုံအုပ်က ပြောပါတယ်။

H1N1 ရောဂါ ဟုတ်၊ မဟုတ် အတည်ပြုနိုင်ဖို့ လူနာတွေရဲ့ နှာခေါင်းတို့ဖတ်ယူပြီး ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ကျန်းမာရေးဦးစီးဌာနက ဇူလိုင် ၂၈ ရက်၊ နေ့လယ် ၂ နာရီအထိ နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) လူနာ ၆၈ ယောက် ရှိပြီး Seasonal Influenza A (H1N1) pdm09 – Positive လူနာ စုစုပေါင်း ၃၅ ယောက်၊ သေဆုံးသူ ၆ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013