DVB Logo
Home
မြန်မာသတင်း
ကျူးကျော်နေထိုင်မှုဖြင့် တရားစွဲခံထားရသူ ၁၇ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်
DVB
·
July 29, 2017
ကျူးကျော်နေထိုင်မှုဖြင့် တရားစွဲခံထားရသူ ၁၇ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘူတာလမ်းတွင် ကျူးကျော်နေထိုင်မှုနဲ့ သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားစွဲဆိုခဲ့ပြီးနောက် ပြည်သူ ၁၇ ဦးကို ဇူလိုင် ၂၈ ရက်နေ့က သထုံမြို့နယ် တရားသူကြီးက အလုပ်မဲ့ထောင်ဒဏ် ၁ လစီကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

နောင်ဘိုကျေးရွာ၊ ဘူတာလမ်းဘေးနယ်နမိတ်ရှိ မြေကွက်တွေဟာ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရဲ့ မြေကွက်မှတ်ပုံတင်အရ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ လမ်းမြေဖြစ်တာကြောင့် သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက ဘူတာလမ်းဘေးမြေကွက်တွေမှာ နေထိုင်တဲ့ ဦးဝင်းနိုင်ပါ ၁၇ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ(၁၈၈)အရအရေးယူပေးရန် တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

ထောင်ဒဏ် ၁ လ ချမှတ်ခံရသူ ကိုမိုးမင်းလတ်ရဲ့ ဇနီးဖြစ်သူ မခင်ဝေထွန်းက "အမတို့က နေလာတာ ၁၀ နှစ်ကျော်ပြီ။ တချို့ဆိုရင် နှစ် ၂၀ ကျော်ပြီ။ အမတို့နေတုန်းက ခုနေရာမှာ ချုံနွယ်တွေကြီးပဲ ရှင်းပြီးနေရတာ။ ခုထောင်ကျတဲ့အထဲမှာဆို အသက် ၇၀ ကျော်အဖွားတွေလည်း ပါတယ်။ ဗိုက်ကြီးသယ်တွေလည်း ပါတယ်။ အမတို့က ခုနေရာမှာ ပိုက်ဆံပေးပြီးနေရတာ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းကတော့ လာဖယ်ခိုင်းတယ်။ အမတို့မှာနေစရာမရှိတော့ ဒီနေရာကသွားပြီး တစ်ခြားသွားနေဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဘေးနားကလဲ ရော်ဘာခြံတွေဖြစ်လာတော့ ဖယ်ခိုင်းတာတွေရှိလာတယ်။ သထုံမှာက ကျူးကျော်ဆိုတာတွေအများကြီးပါ။ အမတို့တစ်နေရာကိုပဲ ဖယ်ခိုင်းတယ်။ နေတဲ့သူတွေကို ထောင်ချတယ်။ ဖယ်ပေးရင်နေစရာပေးမယ်ဆိုပြီး ပြောသံပဲကြားရတယ်။ ဒီနေ့ထိ နေရာမပေးသေးတော့ ဘယ်မှာသွားနေရမလဲ။ နေစရာပေးမယ်ဆိုရင်တော့ ဘယ်မှာပဲဖြစ်ဖြစ် နေနိုင်ပါတယ် ''လို့ ပြောပါတယ်။

နောင်ဘိုဘူတာလမ်းဘေးမှာ ကျးကျော်နေထိုင်သူတွေကို လမ်းဧရိယာမလွတ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖယ်ရှားပေးဖို့ သတိပေးတားမြစ်မှုတွေ ပြုလုပ်နေပေမယ့် မလိုက်နာတာကြောင့် တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။

၁ နှစ် ၃ လကျော် အမှုရင်ဆိုင်ပြီးနောက် ပြည်သူ ၁၇ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်တာနဲ့ ပတ်သက်ပြီး သထုံမြို့နယ်တရားသူကြီး ဦးရွှေမြင့်အောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားပေးခြင်းမရှိခဲ့ပါဘူး။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013