DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် ရန်ကုန်မှသယ်လာသည့် ကြက်ဥအလုံး ၅၀၀၀ ခန့် မီးရှို့ဖျက်ဆီး
DVB
·
July 29, 2017
မြိတ်တွင် ရန်ကုန်မှသယ်လာသည့် ကြက်ဥအလုံး ၅၀၀၀ ခန့် မီးရှို့ဖျက်ဆီး
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့မှာ ရန်ကုန်မြို့ကနေ သယ်ယူလာတဲ့ ကြက်ဥအလုံး ၅ ထောင်လောက်ကို ဇူလိုင် ၂၈ ရက်နေ့မှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

ကြက်နှင့်ကြက်ဥ သယ်ယူခွင့်ကို တားမြစ်ထားပေမယ့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေက ရန်ကုန်တိုင်းဒေသကြီး ခရမ်းသုံးခွမြို့နယ်က ကြက်ဥတွေကို ကားနဲ့  ယူလာကာ H5N1 ရောဂါဖြစ်နေတဲ့ ထားဝယ်မြို့ကို ဖြတ်သန်းသယ်ယူလာလို့ သိမ်းဆည်းကာ မီးရှို့ဖျက်ဆီးခဲ့ရတာလို့ မြိတ်မြို့နယ် စည်ပင်သာယာရေးကျောက်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပါတယ်။

“ကျနော်တို့ ပြီးခဲ့တဲ့ ၂ ရက်ကတည်းက မြိတ်မြို့ကို တခြားမြို့က ကြက်ဥ/ ကြက်သား တင်သွင်းခြင်းမပြုဖို့ စာထုတ်တားမြစ်ထားပြီးသားပါ။ ဒါကိုမလိုက်နာပဲ ရန်ကုန်မြို့ကနေ ထားဝယ်ကိုဖြတ်သန်းပြီး သယ်ယူလာတယ်။ ဒါကြောင့် ကျနော်တို့ သိမ်းဆည်းပြီး မီးရှို့ ဖျက်ဆီးလိုက်တာပါ။ တဆက်တည်းမှာပဲ ဇူလိုင်လ ၂၈ ရက်နေ့က ကြက်ခြံတွေမှာ လည်လိမ်ရောဂါနဲ့ သေဆုံးနေတဲ့ ကြက်သေတွေကို တိုးချဲ့ဈေးနဲ့ မြို့သစ်ဈေးမှာ ရောင်းချနေတာကို သိရှိရတဲ့အတွက် သွားရောက်သိမ်းဆည်းခဲ့ရပြန်ပါတယ်။ ဈေးသည်တွေကို ပညာပေးစည်းရုံးပြောဆိုပြီး ကြက်အသေတွေကို သိမ်းဆည်းရခဲ့ပါတယ်။ အခု ကြက်ဥ အလုံး ၅ ထောင်လောက်နဲ့ကြက်တွေကို မီးရှိုဖျက်ဆီးလိုက်တာပါ။”

ကြက်ဥ/ကြက်သားတွေ တင်သွင်းမှုတားမြစ်ထားပေမယ့် လျှို့ဝှက်တင်သွင်းနေတာ၊ ရောဂါဖြစ်ပြီးသေဆုံးနေတဲ့ ကြက်တွေကို ဈေးတွေမှာ ပြန်လည် ရောင်းချနေတဲ့အတွက်  တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က မြိတ်မြို့မှာ ကြက်ဥနှင့်ကြက်သား ရောင်းချမှု ၁၅ ရက်ပိတ်သိမ်းခိုင်းလိုက်တဲ့အပေါ် စည်ပင်သာ ယာရေးကော်မတီမှ စာထုတ်ပြန်တားမြစ်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဖြစ်စဉ်မျိုးထပ်မံ ကျူးလွန်ပါက မွေးမြူရောင်းချခွင့်ကို လုံးဝပိတ်သိမ်း တဲ့ အထိအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013