DVB Logo
Home
မြန်မာသတင်း
ခမောက်ကြီးမြို့တွင် အိမ်ခြေ ၁၂၀ ရေနပ်မြုပ်၊ ရေဘေးလွတ်ရာ ရွှေ့ပြောင်း
DVB
·
July 29, 2017
ခမောက်ကြီးမြို့တွင် အိမ်ခြေ ၁၂၀ ရေနပ်မြုပ်၊ ရေဘေးလွတ်ရာ ရွှေ့ပြောင်း
1 / 6
Donate to DVB

မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး ပါချန်မြစ်ရေစီးဆင်းမှုကြောင့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက စတင်ကာ ကော့သောင်းခရိုင် ခမောက်ကြီးမြို့ နယ်မြေအတွင်းရှိ မြစ်ကမ်းဘေးကျေးရွာတွေမှာ ရေလွှမ်းမှုဖြစ်ပေါ်နေလို့ နေအိမ် ၁၂၀ ရေဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ ထိုင်း-မြန်မာ နယ်နိမိတ်ပိုင်းခြား သတ်မှတ်ထားတဲ့ ပါချန်မြစ်အတွင်း တောင်ကျရေတွေစီးဆင်ပြီး မြစ်ရေတိုးလာမှုကြောင့် မြစ်ကမ်းဘေးရွာတွေ ဖြစ်တဲ့ လုံးဖောကျေးရွာ၊ အေးချမ်းသာကျေးရွာနဲ့ ဖော့သုတ်ကျေးရွာတွေမှာ ရှိတဲ့ မြစ်ကမ်းစပ်နေ နေအိမ်တွေ ရေနစ်မြုပ်နေတာဖြစ်ပါတယ်။

ရေလွှမ်းမှုကြောင့် လုံးဖောကျေးရွာက အိမ်ခြေ ၅၀၊ အေးချမ်းသာကျေးရွာမှာ အိမ်ခြေ ၂၀ နဲ့ ဖောသုတ်ကျေးရွာမှာ အိမ်ခြေ ၅၀ ရေနစ်မြုပ်ခဲ့ရပြီး ရေဘေးသင့်မိသားစုတွေကို ကျေးရွာတာဝန်ရှိအဖွဲ့အစည်းတွေက ဘေးလွတ်ရာ ကုန်းအမြင့်ပိုင်းနေရာနဲ့ ကျေးရွာဘုန်းတော်ကြီးကျောင်းတွေကို ပို့ဆောင်ထားပါတယ်။

ရေကြီးမှုဖြစ်စဉ်ကြောင့် အိမ်အတွင်းကို ရေ၀င်နစ်မြုပ်တာကလွဲပြီး လူထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု မရှိကြောင်းနဲ့ မြစ်ရေ၀င်ရောက်မှု အခြေအနေက တဖြည်းဖြည်းပြန်လည်ကျလာပေမယ့် ပင်လယ်နဲ့ ဆက်စပ်နေလို့ ပင်လယ်ဒီရေတက်ချိန်အတွင်း မြစ်ရေစိုးရိမ်မှတ်အခြေအနေတွေကို တာဝန်ရှိအဖွဲ့အစည်းတွေက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013