DVB Logo
Home
မြန်မာသတင်း
H1N1 ​ရောဂါဖြစ်​ပွားမှုနှင့် ပတ်​သက်​ပြီး ပြည်​သူ့လွှတ်​​တော်​တွင် အ​ရေးကြီးအဆိုတင်
DVB
·
July 28, 2017
H1N1 ​ရောဂါဖြစ်​ပွားမှုနှင့် ပတ်​သက်​ပြီး ပြည်​သူ့လွှတ်​​တော်​တွင် အ​ရေးကြီးအဆိုတင်
Donate to DVB

မြန်မာနိုင်ငံတ၀န်းမှာ ရာသီတုပ်ကွေး H1 N1 ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ ဇူလိုင် ၂၈ရက်က  အရေးကြီးအဆိုတင်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ရာသီပေါ် တုတ်ကွေးရောဂါ H1 N1 ရောဂါကြောင့် သေဆုံးမှု ရာခိုင်နှုန်း များလာနေတဲ့အတွက် လူစုလူဝေးရှိတဲ့ နေရာတွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေ၊ လေဆိပ်၊ သင်္ဘောဆိတ်၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ တပ်မတော်စခန်းများမှာ အသိပါပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးဖို့ အရေးကြီးအဆို တင်သွင်းရတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ဆိုပါတယ်။

ဆောင်ရွက်ပေးဖို့တော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကလည်းထောက် ခံဆွေးနွေး ခဲ့ပါတယ်။ပြည်သူ့အစိုးရအနေနဲဘပြည်သူတွေနဲ့အတူ ကာကွယ်ရေးလုပ်ဆောင်မှုတွေ လုပ်ဆောင်နိုင်ပြီလားဆိုတာ မေးခွန်းထုတ်ဆရာဖြစ်တယ်လို့ ဆိုပါတယ်။

H1 N1 ရောဂါဖြစ်ပွားနေတာကို ကြည့်မယ်ဆိုရင် လူနေထူထက်တဲ့ ဒေသနဲ့ နေရာတွေမှာ အများဆုံးဖြစ်နေတယ်လို့လည်း အဆိုရှင်နဲ့ အဆိုကိုထောက်ခံတဲ့ ကိုယ်စား လှယ်တွေက ဆိုပါတယ်။။H1 N1 ရောဂါနဲ့ ပတ်သက်တဲ့ အရေးကြီးအဆိုကိုတော့ လွှတ်တော်မှာဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

ရာသီတုတ်ကွေး A(H1N1)PDM 2009 ရောဂါပိုးကူးစပ်ခံထားရတဲ့သူ ဦးရေနဲ့ ဒီရောဂါပိုးကြောင့် သေဆုံးခဲ့ရသူ ဦးရေ များလာပေမယ့် ကျန်မာရေးနဲ့ အားကစား ဝန်ကြီးဌာနနဲ့ ကျွမ်းကျင်ဆရာဝန် တချို့ကတော့ ဒါဟာ ကပ်အသွင်ကူးစပ်ခံနေရတာမျိုးမဟုက်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ H1N1 ကူးစပ်ဖြစ်ပွားလာတဲ့ နေရာ ဒေသ အရေအတွက်ဟာ တိုးလာပေမယ့်လဲ အဲ့ဒီ ဒေသမှာနေထိုင်တဲ့ လူတစ်ချို့မှာသာ ဖြစ်ပွားတာကြောင့် ကပ်အသွင်ဖြစ်ပွားတယ်လို့ မဆိုနိုင်တဲ့အကြောင်းနဲ့ မစိုးရိမ်ကြဖို့ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နေရာ ဒေသတစ်ခုတည်းကနေ လူဦးရေ အများအပြား ကူးစပ်ခံရတဲ့အခါမှသာ ကပ်အသွင်ကူးစပ်မှုအဖြစ် သတ်မှတ်တယ်လို့ ကျွမ်းကျင်ဆရာဝန်တွေက ဆိုပါတယ်။

လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင် ဇူလိုင် ၁၉  ရက်နေ့ကနေ စတင်ပြီး ကနေ့အချိန်အထိ ဖြစ်ပွားသူ ဦးရေဟာ ၃၀ အထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ ဦးရေကလည်း ၆ ဦးအထိ ဖြစ်လာပြီဖြစ်ပါတယ်။

ရောဂါ ဖြစ်ပွားတဲ့နေရာဒေသတွေကတော့ ရန်ကုန်၊ပဲခူး၊ချင်း၊ဧရာဝတီနဲ့ နေပြည်တော် တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013