DVB Logo
Home
မြန်မာသတင်း
မုံရွာတက္ကသိုလ်ကျောင်းသူ H1N1 ရောဂါတွေ့ရှိဟု မဟုတ်မမှန်သတင်းဖြန့်နေမှု အရေးယူမည်
DVB
·
July 28, 2017
မုံရွာတက္ကသိုလ်ကျောင်းသူ H1N1 ရောဂါတွေ့ရှိဟု မဟုတ်မမှန်သတင်းဖြန့်နေမှု အရေးယူမည်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်မှာ ကျောင်းသူတဦး H1N1 ရောဂါတွေ့ရှိရတယ်လို့ လူမှုကွန်ရက်မှာ မဟုတ်မမှန်သတင်းဖြန့်နေမှုနဲ့ ပတ်သက်လို့ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသွားမယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ပြည်သူကို အထိတ်တလန့်ဖြစ်အောင် မဟုတ်မမှန်သတင်းမှား ဖြန့်ဝေခဲ့တာကို မုံရွာတက္ကသိုလ်ကတာဝန်ရှိသူတွေ၊ ဆေးရုံက တာဝန်ရှိသူတွေနဲ့ လူမှုရေးဝန်ကြီးတို့က ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ မုံရွာ ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးနဲ့ ကြက်မွေးမြူရေးဇုန်တို့ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ ဇူလိုင် ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက “အွန်လိုင်းမှာ ဖော်ပြထားတဲ့အတိုင်း မဟုတ်ပါဘူး။ စစ်ကိုင်းတိုင်းမှာ ဒီရောဂါနဲ့ပတ်သက်ပြီး သံသယလူနာတောင် တယောက်မှမရှိသေးပါဘူး။ တကယ်လို့ သံသယလူနာတွေ့ရှိရင်လည်း ချက်ချင်းအကြေားကြားဖို့ မှာထားပါတယ်။ ဆေးရုံမှာလည်း သာမန်ဖျားနာ လူနာအဆင့်တွေပဲ ရှိပါတယ်။ မွေးမြူရေးဇုန်မှာလည်း ကြက်အသေအပျောက်မရှိပါဘူး။ ပြည်သူတွေအနေနဲ့ အစိုးရိမ်မကြီးဖို့ လိုသလို သတိလည်းထားဖို့ လိုပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ H1N1 နဲ့ပတ်သက်ပြီး သံသယရှိသူ ရှိလာခဲ့ရင် နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံတွေကို အမြန်ဆုံးဆက်သွယ်ပေးဖို့ လိုပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

မုံရွာပြည်သူ့ဆေးရုံ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုလေးက  “လောလောဆယ်တော့ သာမန်တုပ်ကွေး လူနာတောင်မရှိပါဘူး။ ဘာလို့လဲဆိုတော့ သာမန်တုပ်ကွေးကတော့ အပြင်ဆေးခန်းတွေမှာ ပြတာများပါတယ်။ တကယ်လို့ ပြင်းထန်အဆုပ်ရောင်ရောဂါနဲ့ ပတ်သက်ပြီး ဆေးရုံတက်လာတဲ့သူရှိရင်လည်း စနစ်တကျ ကုသပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ အွန်လိုင်းမှာ မဟုတ်မမှန် သတင်းဖြန့်ဝေတာနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ဆင်ခြင်ဥာဏ်နဲ့ ချင့်ချိန်ယုံကြဖို့လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း မဟုတ်မမှန်သတင်းဖြန့်သူကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်။”

မုံရွာတက္ကသိုလ်နာမည်သုံးပြီး လူမှုကွန်ရက်မှာ မဟုတ်မမှန် သတင်းဖြန့်ဝေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆေးရုံအုပ်ကြီးရုံးခန်းမှာ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက ရှင်းလင်းပွဲပြုလုပ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013