DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး ကားလမ်းတွင် ယာဉ် ၅ စီး ဆင့်တိုက်မှု ဖြစ်ပွား
DVB
·
July 28, 2017
ရန်ကုန်-မန္တလေး ကားလမ်းတွင် ယာဉ် ၅ စီး ဆင့်တိုက်မှု ဖြစ်ပွား
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၊ ဝဲဒေါင့်ကျေးရွာအနီး ရန်ကုန်-မန္တလေးကား လမ်းဟောင်းမှာ ဒီနေ့ မနက် ၅ နာရီ ခွဲလောက်က လမ်းဘေးချရပ်ထားတဲ့ ကုန်တင်ယာဉ် ၄ စီးကို   ၂၂  ဘီးယာဉ်က ၀င်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၂/၇ အနီးမှာ ဝင်းဇော်ထွန်း မောင်းလာတဲ့ ၂၂ ဘီးယာဉ်က တဖက်ယာဉ်ကြောလမ်းရဲ့ ဘေးမှာ အစဉ်လိုက်ရပ်ထားတဲ့ ၆ ဘီးယာဉ် ၃ စီးနဲ့ ၂၂ ဘီးဆီဘောက်ဆာယာဉ်တို့ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ဒဏ်ရာရှိမှုတော့မရှိခဲ့ဘူးလို့ ဖြူးမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက  ပြောပါတယ်။

“လမ်းဘေးမှချပြီး ညအိပ်ရပ်နားထားတဲ့ ၆ ဘီကားသုံးစီးနဲ့ ၂၂ ဘီးတစီးကို ၂၂ ကားကပဲဝင်တိုက်တာပါ။ ယာဉ်မောင်းအိပ်ငိုက်ပြီး တိုက်မိတာလို့တော့ ထင်ပါတယ်။ လူတွေတော့ ထိခိုက်တာမရှိပါဘူး။ ယာဉ်တွေကတော့ ပျက်စီးတာပေါ့။ အခုအမှုဖွင့် အရေးယူမှုတွေ လုပ်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖြူးမြို့မ ရဲစခန်းက ယာဉ်မောင်း ၀င်းဇော်ထွန်းကို ယာဉ်အားမဆင်မခြင်မောင်းနှင် ဥပဒေပုဒ်မ-၂၇၉  နဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013