DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၆ ဦးထိရှိလာ
DVB
·
July 28, 2017
မြန်မာနိုင်ငံတွင်  A(H1N1) တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၆ ဦးထိရှိလာ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ A(H1N1) တုပ်ကွေးရောဂါဖြစ်ပွားတဲ့ လူနာအယောက် ၃၀ ရှိပြီး သေဆုံးသူ ၆ ဦးထိ ရှိလာနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။

ဇူလိုင် ၁၉ ရက်ကစပြီး ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီအထိ တနိုင်ငံလုံးမှာရရှိတဲ့ အချက်အလက်တွေအရ  လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) နဲ့  လူနာ ၅ဝ ကို ဆေးကုသပေးခဲ့ကာ Influenza A (H1N1) pdm 09 – Positive စုစုပေါင်းလူနာ ၃ဝ ရှိခဲ့ပြီး ၆ ဦး သေဆုံးခဲ့တယ်လို့ အစိုးရ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်တွေကို လိုက်နာကြဖို့နဲ့ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာဖြစ်ပွားရင် နီးစပ်ရာ ကျန်းမာရေးဌာနကို ချက်ချင်း သတင်းပေးပို့ ဆေးကုသမှု ခံယူကြဖို့လည်း နှိုးဆော်ထားပါတယ်။

ရောဂါဖြစ်ပွားမှု လက်ရှိအခြေအနေကို  ကာကွယ် ထိန်းချုပ်နိုင်တဲ့ အဆင့်အဖြစ် သတ်မှတ်ထားပြီး ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ  Public Health Emergency အဖြစ် မကြေညာသေးဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က နိုင်ငံပိုင်မီဒီယာတွေနဲ့  တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOနဲ့  နိုင်ငံတကာ သံရုံးတွေ၊ အိမ်နီးချင်းနိုင်ငံတွေကိုလည်း ဆက်သွယ်အကြောင်းကြား အစီရင်ခံထားပြီး WHO မှာ လိုအပ်တဲ့ အကူအညီပေးဖို့လည်း တောင်းခံထားတယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝဝ၉ ခုနှစ်ကနေ၂ဝ၁၆ ခုနှစ်အထိ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1)pdm 2009)ဖြစ်ပွားသူဦးရေ ၄၅၆ ဦးရှိခဲ့တယ်လို့ အစိုးရ တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013