DVB Logo
Home
မြန်မာသတင်း
မတရားအသင်းဥပဒေဖြင့် ဖမ်းဆီးခံရသည့် သတင်းထောက်များအမှု တရားလိုကို စတင်စစ်ဆေး
DVB
·
July 28, 2017
မတရားအသင်းဥပဒေဖြင့် ဖမ်းဆီးခံရသည့် သတင်းထောက်များအမှု တရားလိုကို စတင်စစ်ဆေး
1 / 18
Donate to DVB

မတရား အသင်းအက်ဥပဒေပုဒ်မ ၁၇ (၁)နဲ့ အကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာတီသတင်းထောက်တွေ အပါအ၀င် ၆ ဦးရဲ့အမှုကို သီပေါမြို့နယ် တရားရုံးမှာ ဒီကနေ့မနက်က ရုံးထုတ်ပြီး တရားလို ဘက်ကို ပထမဆုံးအကြိမ် စတင်စစ်ဆေးပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တရားလိုဖြစ်တဲ့ တပ်မတော်ဘက်က လိုပြသက်သေတွေထဲက တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦး တစ်ယောက်တည်းကိုပဲ ဒီကနေ့မနက် တရားရုံးမှာ  စစ်ဆေးပြီး လာမယ့် သြဂုတ် ၄ ရက်နေ့ကို ရုံးချိန်း ထပ်မံချိန်းဆိုထားပါတယ်။

ဒီကနေ့တရားခွင်နဲ့ ပတ်သက်လို့ ဒီဗွီဘီသတင်းထောက်တွေဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက “ဒီကနေ့ တရားလို သက်သေထွက်ချက်ကတော့ အဓိကထွက်သွားတဲ့အပိုင်းကတော့ သူ ဒီဇွန် ၂၆ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်။ ၂၈ ရက်နေ့မှာ ရုံးကို ယမန်ယူခဲ့တယ်။ နောက် ၇ ရက်နေ့မှာ သူအမှုဖွင့်ခဲ့တယ်။ အမှုဖွင့်ပြီးတော့ ဒီအမှုတွဲမှာရှိနေတဲ့ ရှာဖွေပုံစံနဲ့ သိမ်းဆည်းထားတဲ့ သက်သေခံပစ္စည်း ၁၉ မျိုး၊ နောက်ပြီးတော့ သူရိုက်ကူးထားခဲ့တဲ့ ကင်မရာထဲကနေ ကူးထားတဲ့ စီဒီ အဲဒါတွေကို တင်ပြပါတယ်။ ကျနော်တို့ဘက်က ဒါတွေကို စီဒီချပ်ထဲမှာ ပြန်ကူးထားတာတွေ၊ နောက်ဓာတ်ပုံကူးထားတဲ့နေရာ မူရင်းနဲ့ မှန်မမှန် တိုက်ဆိုင်စစ်ဆေးဖို့ပဲ လိုပါတယ်။ နောက်ဒါတွေဟာ မှန်မမှန်ပြန်ပြီးတော့ ကျနော်တို့ ရုံးတော်က  ကြည့်ရှုဖို့လည်း လိုပါတယ်။ ဒါတွေကို သူ့ဘက်က စစ်ဆေးခြင်းပြီးဆုံးသွားပါပြီ။ စစ်ဆေးခြင်းပြီးဆုံးသွားတဲ့အပေါ်မှာ အဓိက တင်တာကတော့ သူတို့ တီအန်အယ်အေ တအောင်းက မူးယစ်ဆေးဝါး လုပ်တဲ့ပွဲကို သွားရောက်ပြီးတော့ သတင်းယူတယ်။ သတင်းယူတဲ့အတွက် ဒီဟာ အားပေးတယ်ဆိုတဲ့ စွပ်စွဲချက်ပါ။ အားပေးတယ်၊ ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်ပါ”လို့ပြောပါတယ်။

တရားလိုအနေနဲ့  သတင်းသမားတွေဟာ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ငြိစွန်းတယ်ဆိုတာ ထိထိရောက်ရောက်တင်ပြနိုင်ခဲ့ခြင်းရှိဘူးလို့လည်း ရှေ့နေ ဦးမောင်မောင်ဝင်း ကပြောပါတယ်။

“အခုထိတော့ သက်သေတင်ပြချက်တော့ အခုထိ ကျနော်တို့ ပေါ်မှာ ထိထိရောက်ရောက်ငြိစွန်းချက် မရှိပါဘူး။ ၁၇ (၁) မြောက်ကြောင်း သူရဲ့ပြောတဲ့ တချက်တည်းကတော့ ကျနော်တို့က သွားတက်ပြီး သတင်းယူတဲ့အချက် တချက်တည်းပဲ ရှိပါတယ်။ သတင်းယူတာ ဟုတ်မဟုတ်ကိုတော့ တရားရုံးတော်ကနေပြီးတော့ ဒါက ပြစ်မှုဘောင်ထဲမှာ ရှိမရှိ ဆိုတာကို တရားရုံးက ဆုံးဖြတ်ရမယ့်အပိုင်းပါ။ ”

ဒီဗွီဘီအကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်၊  တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအာင်ခမ်းတို့ ၆ ဦးဟာ ဇွန် ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီးအပြန် တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံထားရသူ ၆ ဦးစလုံးအတွက် ရှေ့နေတွေက အာမခံ လျှောက်ထားပြီး လာမယ့်ရုံးချိန်းမှာ အာမခံပေး၊ မပေး အမိန့်ချဖို့ ရှိနေတယ်လို့ ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

“အာမခံကိစ္စလျှောက်ပါတယ်။ ကျနော်တို့က ၆ ယောက်လုံးလျှောက်ပါတယ်။ ၆ ယောက်လုံးရဲ့ ရှေ့နေတွေကလည်း လျှောက်ပါတယ်။ ဒီလျှောက်လဲချက်ပေးတဲ့အခါမှာ အဓိကအားဖြင့်တော့ ထောင်ဒဏ် ၃ နှစ်အထိပဲ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်ဖြစ်တဲ့အတွက် တရားရုံးတော်အနေနဲ့ ဆင်ခြင်တုံတရားအရ ပေးမယ်ဆိုရင်လည်း ပေးနိုင်တဲ့ အနေအထားရှိပါတယ်။ အဲတော့ အာမခံ ငြင်းပယ်တယ်ဆိုတာကတော့ ထောင်ဒဏ် ၇ နှစ်တို့၊ ၁၀ နှစ်တို့၊ ပြစ်မှုမျိုးသာလျင် ငြင်းပယ်ခွင့်ရှိပါတယ်။ နောက်တခုက  ပြစ်မှုကြီးတွေဖြစ်တဲ့ လူသတ်တို့၊ မုဒိမ်းတို့၊၊ ဓားပြတို့၊ ခိုးဆိုးတို့၊ လုယက်တို့ အဲလိုဟာမျိုးတွေက အာမခံ ငြင်းပယ်ခွင့်ရှိပါတယ်။ ဒီလိုမျိုးတွေမှာတော့ အာမခံပေးလေ့ပေးထရှိပါတယ်။ ထောင်ဒဏ် ၄ နှစ်အထိပဲ ရှိတဲ့ဟာ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်အတွက် ချုပ်နှောင်ထားရတဲ့အခါမှာလည်း တာဝန်ရှိတယ်။ နောက် မိသားစုကလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နိုင်ငံတော်ကလည်း ဒီဟာတွေကို ကူညီစောင့်ရှောက်ရတဲ့ သဘောရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်ဘက်ကလည်းပဲ ဒီဟာ သက်သေဖျက်မယ်တို့၊ သက်သေတွေကို မလျော်သြဇာတို့၊ ထွက်ပြေးမယ်တို့ ဘာတို့ စသည်ဖြင့် တင်ပြချက်တွေမရှိပါဘူး။ နိုင်ငံတော်ဘက်ကလည်းပဲ ရုံးတော်ရဲ့ သဘောသာလျှင်ဖြစ်ပါတယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ တရားသူကြီးက နောက်တပတ် ၄ ရက်နေ့ ရုံးချိန်းကျရင် အမိန့်ချမှတ်ပေးမယ်လို့ ပြောပါတယ်။”

သတင်းသမားတွေအနေနဲ့ သူတို့အကြောင်း  သတင်းစာနဲ့ဂျာနယ်တွေမှာ  ရေးသား ဖော်ပြတာတွေကို သီပေါအကျဉ်းထောင်ထဲမှာ ဖတ်ခွင့်မရပဲ ပိတ်ပင်ခံထားရတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ - ခွန်ဇော်ဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013