DVB Logo
Home
မြန်မာသတင်း
မြန်အောင်မြို့နယ် မကျည်းကုန်းကျေးရွာတွင် လူငယ်နှစ်ဦး ရေနစ်သေဆုံး
DVB
·
July 28, 2017
မြန်အောင်မြို့နယ် မကျည်းကုန်းကျေးရွာတွင် လူငယ်နှစ်ဦး ရေနစ်သေဆုံး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် အင်ပင်နယ်မြေ ရဲတပ်ဖွဲ့ စခန်းအပိုင် မကျည်းကုန်းကျေးရွာအုပ်စု၊ မကျည်ကုန်းတောင်စု ကျေးရွာမှာ ဇူလိုင် ၂၇ ရက်နေ ညနေ ၄ နာရီ ခွဲလောက်က အသက် ၁၅ နှစ်အရွယ်နဲ့ ၁၇ နှစ်အရွယ် လူငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ မကျည်းကုန်း တောင်စုရွာနေ မင်းဇော် အသက် ၁၅ နှစ်နဲ့ စိုးသက်ထွေး အသက် ၁၇ နှစ်တို့ဟာ မကျည်းကုန်းတောင်စုရွာ ဖောက်ချောင်းအတွင်း ငါးရှာဖွေဖို့သွားရာ ညနေအထိ ပြန်မလာလို လိုက်လံရှာဖွေကြရာ မကျည်းကုန်းတောင် ရေနံစမ်းရှာဖွေရေး အဆောက်အဦ နားမှာ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။

“ဟုတ်ပါတယ် ရေနစ်သေတာပါ။ ခုအဲဒီအလောင်းတွေကို အင်ပင်တိုက်နယ် တိုက်နယ်ပြည်သူဆေးရုံကို ပို့ဆောင်ထားပြီး ဓမ္မတအတိုင်း သေဆုံးတာ ဟုတ်မဟုတ် ခွဲစိတ်စစ်ဆေးဖို့ ပြုလုပ်နေပါတယ်။ ဒီဖြစ်စဉ်ကို အင်ပင်နယ်မြေ ရဲတပ်ဖွဲ့ စခန်းက သေမှုသေခင်း အမှတ် စဉ် ၂/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ရဲစခန်းမှူး ရဲအုပ်ဇော်ထွန်းက ရဲလုပ်ငန်းတွေ လုပ်ဆောင်နေ ပါတယ်လို့ အင်ပင် ရဲစခန်း ရဲတပ်ကြပ် စာရေးကြီးက လွင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013