DVB Logo
Home
မြန်မာသတင်း
ရောင်းချနေသည့် ပဲသွေးအားလုံးနီးပါး ဖော်မလင်အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိ
DVB
·
July 28, 2017
ရောင်းချနေသည့် ပဲသွေးအားလုံးနီးပါး ဖော်မလင်အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိ
Donate to DVB

ဈေးကွက်အတွင်း ရောင်းချနေတဲ့ ပဲသွေး ၉၅ ရာခိုင်နှုန်းဟာ အစားသောက်တွေမှာ သုံးစွဲခွင့်မပြုတဲ့ ဖော်မလင်ကို အသုံးပြုထားတာ စစ်ဆေးတွေ့ရှိရတယ်လို့ ရန်ကုန်တိုင်း ဒေသသကြီး အစိုးရ အဖွဲ့က ကြေညာပါတယ်။

တိုင်းအစိုးရအဖွဲ့၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၊ စည်ပင်သာယာနဲ့ စားသုံးသူရေးရာ ဦးစီးဌာနက တာဝန်ရှိသူတွေဟာ ဈေးကွက်ထဲမှ အစားသောက် နမူနာတွေကို ၀ယ်ယူ စိစစ်ရာကနေ တွေ့ရှိတာဖြစ်ပြီး ပဲသွေးထုတ်လုပ်တဲ့ လုပ်ငန်းတချို့မှာ အမဲသွေးတွေ အသုံးပြုထားတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် မုန့်ဖတ်၊ ပဲပြားနဲ့ ပဲသွေးထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေဟာ လုပ်ငန်းဝန်ဆောင်မှု ခွင့်ပြုချက်နဲ့သာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြဖို့၊ ဖော်မလင်ကို လုံးဝ အသုံးမပြုဖို့နဲ့ လိုက်နာမှုမရှိရင် ဥပဒေအရ အရေးယူမယ်လို့လည်း တိုင်းအစိုးရက အသိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013