DVB Logo
Home
မြန်မာသတင်း
မကွေးအချုပ်ခန်း၌ အမျိုးသားတဦးသေဆုံးမှု အဖြစ်မှန်ပေါ်ပေါက်ရေး ၀န်ကြီးချုပ်ထံ တိုင်တန်း
DVB
·
July 28, 2017
မကွေးအချုပ်ခန်း၌ အမျိုးသားတဦးသေဆုံးမှု အဖြစ်မှန်ပေါ်ပေါက်ရေး ၀န်ကြီးချုပ်ထံ တိုင်တန်း
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မရဲစခန်းမှာ ပျောက်ဆုံးနေတဲ့ ဆိုင်ကယ်နဲ့အတူ တွေ့ရှိရပြီး မသင်္ကာလို့ စစ်ဆေးဖို့ ဖမ်းဆီးထားခံရသူတဦး ဇူလိုင် ၂၆ ရက်နေ့က အချုပ်ခန်းတွင်းမှာ သေဆုံးသွားလို့ သေဆုံးသူရဲ့ ဇနီးက ဇူလိုင် ၂၇ ရက်က အဖြစ်မှန် ဖော်ထုတ်ပေးဖို့အတွက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်တန်းထားပါတယ်။

သေဆုံးသူ သန်းထိုက်အောင်မှာ ဇူလိုင်လ ၂၄ ရက်နေ့က မကွေးတက္ကသိုလ် ကျောင်းသူတစ်ဦးရဲ့ ပျောက်ဆုံးသွားတဲ့ ဆိုင်ကယ်နဲ့အတူ ဇူလိုင် ၂၅ ရက်နေ့က ဟိုက်ကလပ် လက်ဖက်ရည်ဆိုင်မှာ တွေ့ရလို့  မြို့မရဲစခန်းကိုခေါ်ပြီး ပုဒ်မ-၃၇၉ နဲ့ အမှုဖွင့်ပြီး အချုပ်ခန်းနံပါတ် ၉ မှာ ဖမ်းဆီးထားတာ မြို့မရဲစခန်းက ပြောပါတယ်။

သန်းထိုက်အောင်ကို ရမန်ယူစစ်ဆေးဖို့အတွက် စခန်းမှူးရဲ့ခွင့်ပြုချက်နဲ့ ည ၉ နာရီခွဲမှာ ဖမ်းဆီးပြီး အခန်းနံပါတ် ၉ မှာ ထားရှိခဲ့တာပါလို့ အမှုစစ်/နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်မိုးက ပြောပါတယ်။

“ကိုသန်းထိုက်အောင်မှာ ပန်းထိမ်လုပ်ငန်းနဲ့ အောင်လံမြို့မှာ နေထိုင်သူတဦးဖြစ်ပြီး ဆေးတက္က သိုလ်(မကွေး) တွင် မြန်မာစာနည်းပြ ဆရာမဖြစ်သူ ဇနီးသည်ရှိရာကို လိုက်ပါနေထိုင်ကာ ဆိုင်ကယ်ဝယ် ရောင်းလုပ်ငန်း လုပ်ကိုင်နေသူတဦးဖြစ်ကြောင်း၊ အဓိကအလုပ်အကိုင်က ပန်းထိမ်လုပ်ငန်းဖြစ်ပြီး အောင်လံကနေ ဇနီးဖြစ်သူရှိရာဆီကို လိုက်နေရတော့ ပန်းထိမ်လုပ်ငန်းက အပ်ထည်ရှိမှပဲ လုပ်ရတော့လို့ အားနေတဲ့ အချိန်မှာ ဆိုင်ကယ်ဝယ်ရောင်းလေးလုပ်ကာ ခိုးရာပါဆိုင်ကယ်ကို ရောင်းမှားဝယ်မှားဖြစ်သွားခဲ့ရာမှ ဖမ်းဆီးခံရပြီး ခုလိုသေတဲ့အထိ ဖြစ်ရတာပါ” လို့ သေဆုံးသူရဲ့ဇနီးဖြစ်သူ ဒေါ်ကြူကြူခိုင်က ပြောပါတယ်။

ဇူလိုင် ၂၅ ရက် ညပိုင်းတွင် အခန်း ၉ ထဲမှာ တဦးတည်း ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူ ကိုသန်းထိုက်အောင်မှာ နောက်တနေ့မနက် တပ်ဖွဲ့ဝင်တွေ တန်းစီတဲ့ ၇ နာရီ  ၁၅ မိနစ်လောက်က ကင်းသမား ဖြတ်ကျော်သွားခိုက်ချိန် ပုဆိုးကွင်းကို အိမ်သာအနီး မျက်နှာကျက်သံဇကာမှာ ချိတ်ဆွဲပြီး ကြိုးဆွဲချသေဆုံးတာလို့ မြို့မစခန်းမှူး ဒုရဲမှူးဝင်းကျော်က ပြောပါတယ်။

သန်းထိုက်အောင်သေဆုံးမှုနဲ့ ပတ်သက်ပြီး ရေချိုးခန်းအတွင်း တက်ပြီး သတိလစ်လဲကျသေဆုံးတာဖြစ်ကြောင်း မြို့မစခန်း ရဲအုပ်နှစ်ဦးရဲ့ ပြောဆိုချက်နဲ့ စခန်းမှူးရဲ့ မိမိကိုယ်မိမိပုဆိုးနဲ့ ကြိုးဆွဲချသေဆုံးတယ်ဆိုတဲ့ ပြောဆိုချက်ဟာ ကွဲလွဲနေတဲ့အတွက် ဇနီးဖြစ်သူ ဒေါ်ကြူကြူခိုင်နဲ့ ဆွေမျိုးတွေက သံသယရှိလို့ အဖြစ်မှန်ပေါ်ပေါက်ရေး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြတိုင်တန်းထားတာလို့ သေဆုံးသူရဲ့ အစ်မတော်စပ်သူ ဒေါ်သင်းသင်းခိုင် ကပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013