DVB Logo
Home
မြန်မာသတင်း
တိုက်ကြီး ရေနစ်မြုပ်၊ ကျေးရွာများ သောက်သုံးရေ အခက်တွေ့
DVB
·
July 27, 2017
တိုက်ကြီး ရေနစ်မြုပ်၊ ကျေးရွာများ သောက်သုံးရေ အခက်တွေ့
1 / 3
Donate to DVB

 

တိုက်ကြီးမြို့နယ်အတွင်း လှိုင်မြစ်ရေကြီးပြီး မြစ်ကမ်းပါးနေကျေးရွာ ၁၅ ရွာမှာ မြစ်ရေဝင်ရောက်တာကြောင့် ရေတွင်းရေကန်တွေ၊ တုံကင်တွေ၊ စက်ရေတွင်းတွေ ရေမြုပ်ခဲ့တဲ့အတွက် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျမတို့ရေကြီးတာ ၇ ရက်ကျော်ပါပြီ၊ အရင်က ရေတွင်းရေကန်တွေ တုံကင်တွေ စက်ရေတွင်းတွေ ရှိတော့ အဆင်ပြေပါတယ်။ အခုရေကြီးပြီး အကုန်မြုပ်ကုန်တော့ သောက်ဖို့ သုံးဖို့ ရေမရှိဘူးလေ။ ဒါကြောင့် အခုတက်နေတဲ့ မြစ်ရေကိုပဲ သောက်သုံးရပါတယ်။ မြစ်ရေကလည်း မကောင်းတော့ အခုလို ရေရှည်ဆက်လက်သောက်သုံးနေမယ်ဆိုရင် ကျန်းမာရေးထိခိုက်နိုင်ပါတယ်” လို့ ဘုရားကုန်းကျေးရွာက အမျိုးသမီးတဦးက ဒီဗွီဘီကိုပြောပါတယ်။

ဂေါ့ကျေးရွာအုပ်စုက ရာအိမ်မှူး ဦးမြင့်စိုးက “ကျနော်တို့ အုပ်ချုပ်ရေးပိုင်းအနေကတော့ အရင်က နေလို့ရပေမယ့် ခုချိန်မှာ ရေကဆက်တိုးနေတဲ့အတွက် နေလို့မရတော့တဲ့ မိသားစုတွေကို ပြောင်းရွှေ့ဖို့ လိုက်ပြောနေတာပါ။ တချို့ကလည်း မိသားစုတွေရှိတဲ့ အိမ်အမြင့်တွေမှာ စုနေကျပြီး နေလို့မရတဲ့ မိသားစုတွေကိုတော့ ရေဘေးကယ်ဆယ်ရေးစခန်းကို ပို့ပေးနေပါတယ်။ အခုဆို ရေဘေးကယ်ဆယ်ရေးစခန်းကို ဘုရားကုန်းကျေးရွာနှင့် သနပ်ကုန်းကျေးရွာက ပြည်သူတွေ ပြောင်းရွေ့နေတယ်”လို့ ပြောပါတယ်။

“ကျနော်တို့ အုပ်စုအပါအဝင် ဘိန္နောကျေးရွာအုပ်စု မျဉ်းမကုန်းကျေးရွာအုပ်စုက ကျေးရွာပေါင်း ၁၅ ရွာမှာ မြစ်ရေကြီးပြီးကျေးရွာတွေကို ရေဝင်လို့အနိမ့်ပိုင်းက အိမ်တွေ ရေနစ်မြုပ်နေတဲ့အတွက် နေထိုင်ဖို့အခက်အခဲတွေကြောင့် ကယ်ဆယ်ရေးစခန်းဖွင့်ခဲ့ပြီး ဘုရားကုန်းကျေးရွာက အိမ်ထောင်စု ၃၀ စုနဲ့ သနပ်ကုန်းကျေးရွာက အိမ်ထောင်စု ၁၀ စု စုစုပေါင်း လူဦးရေ ၁၅၀ ဝဲကြီးကျေးရွာဘုန်းတော်ကြီးကျောင်းမှာ အိမ်ထောင်စု ၁၄ စုလူဦးရေ ၇၀ တို့ ပြောင်းရွေ့နေကြရပါတယ်။ နောက်ထပ် ပြောင်းရွေ့ရန်မိသားစုတွေလည်းရှိကြောင်း စာသင်ကျောင်း တွေလည်း ပိတ်ထားရကြောင်းမြစ်ရေမှာ ညဘက်မှာ အတိုးနည်းပေမယ့် လည်း နေဘက်မှာ အတိုးများကြောင်းနဲ့ အုပ်ချုပ်ရေးပိုင်းအနေနဲ့ကတော့ ကျေးရွာတွေကို သွားရောက် စောင့်ကြည့်နေပြီး လိုအပ်ရင်ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံး လုပ်နိုင်အောင် စီစဉ်ထားပါတယ်”လို့ ဂေါ့ကျေးရွာအုပ်ချူပ်ရေးမှူး ဦးသိန်းထွန်းက ပြောပါတယ်။

တိုက်ကြီးမြို့နယ်မှာ ၂၀၁၅ ခုနှစ်က စတင်ပြီး ဧရာဝတီမြစ်ရေနဲ့ လှိုင်မြစ်ရေကြီးတာ နှစ်စဉ်ဖြစ်ပေါ်ခဲ့တဲ့အတွက် မြစ်ကမ်းပါးနေကျေးရွာတွေမှာ ရေကြီးတာတွေနဲ့ ကြုံတွေ့ခဲ့ရပြီး နေအိမ်တွေ စွန့်ခွာကာကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွေ့နေထိုင်ခဲ့ရကြောင်း ဒေသခံပြည်တွေက ပြောပါတယ်။

သတင်း - မေသွယ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013