DVB Logo
Home
မြန်မာသတင်း
အလုပ်သမားများအတွက် ပြည်သူ့အလုပ်သမားပါတီ တည်ထောင်
DVB
·
July 27, 2017
အလုပ်သမားများအတွက်  ပြည်သူ့အလုပ်သမားပါတီ တည်ထောင်
Donate to DVB

 

အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးဖို့အတွက် လူ့အခွင့်အရေးနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေစုပေါင်းပြီး ပြည်သူ့ အလုပ်သမားပါတီကို  တည်ထောင်လိုက်ပါတယ်။

ရှေ့နေဦးညီညီထွေးခေါင်းဆောင်ပြီးအဖွဲ့ဝင် ၁၈ ယောက်နဲ့ ပြည်သူ့အလုပ်သမား ပါတီကို စတင်ထူထောင်လိုက်တာဖြစ်ပြီး နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခွင့်လျှောက်ထားလိုက်ပါတယ်။

မနေ့ကတော့ရွေးပွဲကော်မရှင်ကနေပြီး ပါတီအလံနဲ့ တံဆိပ်ပုံစံတွေကို ကြေညာပြီး ကန့်ကွက်လို လျှင်ကန့်ကွက်နိုင်ကြောင်း ကြေညာထားပါတယ်။

ပြည်တွင်းပြည်ပက မြန်မာအလုပ်သမားတွေကို အကာအကွယ်ပေးနိုင်တဲ့ အလုပ်သမား မူဝါဒတရပ်ဖြစ်ပေါ်လာအောင် ကြိုးစားသွားမယ်လို့ ပါတီကို ဦးဆောင်တည်ထောင်သူ ဦးညီညီထွေးက ပြောပါတယ်။

“ကျနော်တို့က ပြည်သူ့အလုပ်သမားဆိုတဲ့သဘောက အလုပ်သမားကိုပဲကြည့်မယ်ဆို ရင်တော့ ပြည်တွင်းပြည်ပအလုပ်သမားတွေကိုပဲ မြင်ရပေမယ့် တကယ့်တကယ်တန်း ကျတော့ ကျနော်တို့ ပြည်သူ့အလုပ်သမားဆိုတာက အားလုံးကိုကိုယ်စားပြုပါတယ်။ ကျနော်တို့ အလုပ်သမားလည်းပါမယ်၊ လယ်သမားလည်းပါမယ်။ နိုင်ငံဝန်ထမ်းတွေ လည်းပါမယ်ပေါ့ဗျာ။ အသိပညာရှင်တွေအတတ်ပညာရှင်တွေ အပြင်ကို နိုင်ငံကို တတတ်တအား အကျိုးပြုနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဒါတွေအကုန်လုံး အတွက် ကိုကျနော်တို့က သက်ဆိုင်ရာ ဂဏ္ဍအလိုက်ကို အလုပ်အကြွေးပြုချင်တဲ့အတွက်ကို ကျနော်တို့ ပြည်သူ့ အလုပ်သမားဆိုတဲ့ခေါင်းစဉ်ကို ရွေးလိုက်တာပါ။ အလုပ်သမားတွေ အတွက်တော့ ပြည်တွင်းပြည်ပက အလုပ်သမားတွေ အတွက်ကို ကျနော်တို့က အကာ ကွယ်ပေးနိုင်တဲ့ အလုပ်သမား မူဝါဒတွေချနိုင်ဖို့အထိကို ကျနော်တို့ ကြိုးစားသွားမှာပါ။”

ပြည်သူ့အလုပ်သမားပါတီကို စတည်ထူထောင်သူတွေအနေနဲ့ အရင်လည်း အလုပ် သမားအရေးတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုရှိခဲ့ပေမယ့်  လွှတ်တော် အတွင်း ကနေ ပိုမိုဆောင်ရွက်နိုင်အောင် ပါတီထောင်ရတာလို့လည်း ဦးညီညီထွေး ကပြောပါတယ်။

“ကျနော်တို့အရင်ကလည်း တော်တော်များများ လုပ်ခဲ့ဖူးတယ်ဗျာ။ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူ အဖြစ်ကော၊ ဥပဒေပိုင်းဆိုင်ရာ အရေးဆို မှုတွေ ကျနော်တို့ တော်တော်များများ ပြင်ပကနေ လုပ်ခဲ့ပြီးပြီပေါ့နော်။ ရလာတဲ့ ရလဒ်အပေါ်မှာ ကျနော်တို့ ကျေနပ်အားရခြင်း မရှိဘူး ပေါ့နော်။ ဥပမာ ကျနော်တို့ တင်ပြချင်တဲ့အရာတွေရှိတယ်။ သို့သော်တကယ့်တကယ်လည်း ကျတော့ ဒီအရာတွေအကုန်လုံးက လွှတ်တော်မှာပဲ အဆုံးသတ်တာပါ။ လွှတ်တော်ကပဲ အဆုံးအဖြတ်ပေးရတာမျိုးရှိပါတယ်ဗျာ။ အဲလိုမျိုးဆိုတော့ အပြင်ကနေပြီးတော့ တက်ကြွ လှုပ်ရှားသူတွေအဖြစ်နဲ့ လုပ်ကိုင်နေတာထက်စာရင် ဒီပါတီတရပ်ထောင်ပြီး လွှတ်တော်ထဲကို ၀င်ခွင့်ကျနော်တို့ ကြိုးစားတဲ့လမ်းကြောင်းက၊ လွှတ်တော်နိုင်ငံရေးပေါ့။ ပါတီနိုင်ငံရေးက ပိုပြီးတော့ ထိရောက်မယ်ထင်လို့ပါတီထောင်တာပါ။”

ပြည်သူ့အလုပ်သမားပါတီကို ရန်ကုန် မြောက်ဒဂုံမှာ အခြေစိုက်မှာပြီး ရွေးကောက်ပွဲ ကာလတွေမှာ နိုင်ငံတ၀န်း ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်ထဲမှာမှာ လုပ်သမားအမည်ပါတဲ့ ပါတီတွေအဖြစ် မြန်မာနိုင်ငံ တောင်သူလယ်သ မားအလုပ်သမား ပြည်သူ့ပါတီနဲ့ ပြည်ထောင်စုအလုပ်သမားလယ်သမားအင်အားစုပါတီ နှစ်ပါတီသာရှိပြီး ခုနောက်ထပ်တစ်ပါတီ ထပ်တိုးလာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013