DVB Logo
Home
မြန်မာသတင်း
အစိုးရ၊ တပ်မတော်နှင့် မီဒီယာသမားများ နေပြည်တော်တွင်တွေ့ဆုံဆွေးနွေး
DVB
·
July 27, 2017
အစိုးရ၊ တပ်မတော်နှင့် မီဒီယာသမားများ နေပြည်တော်တွင်တွေ့ဆုံဆွေးနွေး
1 / 3
Donate to DVB

 

မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး အစိုးရ၊ တပ်မတော်နဲ့ မီဒီယာသမားတွေ  နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ  ဇူလိုင် ၂၇ ရက်မှာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပါတယ်။

ဆွေးနွေးပွဲကို ပြန်ကြားရေး ၀န်ကြီးဒေါက်တာဖေမြင့်အပါအ၀င် ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂနဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်တွေက ကိုယ်စားပြု ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဝန်ကြီး ဒေါက်တာဖေမြင့်က“ဒီဆွေးနွေးပွဲကနေ ဆက်ပြီးတော့ မနေ့က တနေ့က လတ်တလောဖြစ်ပေါ်နေတဲ့ ကိစ္စရပ်မျိုးတွေ ဖြစ်ပေါ်ခဲ့သည်ရှိသော် ဘယ်ပုံ ဘယ်နည်း ဆက်သွယ်ဆောင်ရွက်မယ်ဆိုတဲ့ နည်းလမ်းရှာ ပြီးတော့ တည်ဆောက်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ အကောင်းဆုံးရလဒ် သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး စာနယ်ဇင်းသမားများရဲ့ ကြုံတွေ့ရတဲ့ ပြသနာများပြေလည်ရေး အတွက် လိုအပ်ချက်များ ပူးပေါင်းကူညီမှုများ ရှေ့သွားမယ့် လုပ်ငန်းစဉ်များကို နားလည်မှုများ ရရှိသွားဖို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနဲ့ တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူကလည်း ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အမှာစကား ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက“တပ်မတော်ရဲ့ သတင်းမှန်များကို ပြည်သူများ အချိန်နဲ့ တပြေးညီသိရှိစေဖို့အတွက် ထုတ်ပြန်ပေး လျက်ရှိပါတယ်။ တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့ဖွဲ့စည်းပြီး သတင်းစီးဆင်းမှု မှန်ကန် မြန်ဆန်ချောမွေ့စေရေး ဆောင်ရွက်လျက်ရှိပြီး အခါအားလျော်စွာမှာ တပ်မတော် သတင်းစာ ရှင်းလင်းပွဲပုံစံမျိုးဖြင့်လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အချိန်ကာလပေါ် မူတည်ပြီးတော့ သတင်းဆရာများ လိုက်လံတွေ့ဆုံပြီးတော့ နိုင်ငံတော် ပြည်သူနဲ့ တပ်မတော်ကိစ္စရပ်များ သိလိုသမျှမေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးလျက်ရှိပါတယ်”လို့ ပြောပါတယ်။

တပ်မတော်အနေနဲ့ သတင်းမီဒီယာတွေမှာ သတင်းစီးဆင်းမှုတွေ မှန်ကန်မြန်ဆန်စေရေး အတွက် အလုပ်ရုံဆွေး နွေးပွဲတွေကို ရန်ကုန်ရှိ မြ၀တီစာပေတိုက်မှာ ၄ ကြိမ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013