DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် မယားပါသမီးကို အဓမ္မပြုကျင့်ရန် ကြိုးစားသူကို ဖမ်းဆီး
DVB
·
July 27, 2017
ကော့သောင်းတွင် မယားပါသမီးကို အဓမ္မပြုကျင့်ရန် ကြိုးစားသူကို ဖမ်းဆီး
Donate to DVB

ကော့သောင်းမြို့မှာ မယားပါသမီးကို အဓ္ဓမကျင့်ဖို့ ကြိုးစားသူကို ဖမ်းဆီးခဲ့တယ်လို့ ကော့သောင်းမြို့ မှုခင်းအကူတပ်ဖွဲ့က ပြောပါတယ်။

ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာအုပ်စု ဇူလိုင် ၂၆ ရက် မနက်ပိုင်းက ချောင်းဝကျေးရွာနေ ဒေါ်တင်တင်ဝင်းက နေအိမ်က ပင်လယ်ပြင်ကို ခရုကောက်သွားချိန် နေအိမ်မှာ နောက်အိမ်ထောင်ဖြစ်တဲ့ စာလယ်ထူး ၃၉ နှစ် နဲ့ သမီးဖြစ်သူ မ-----တို့ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

စောလယ်ထူးက သမီးဖြစ်သူ မ------ ရဲ့ အိပ်ခန်းအတွင်းဝင်ရောက်ပြီး သားမယား အဖြစ်ပြုကျင့်ဖို့ ကြိုးစားခဲ့လို့ နေအိမ်အပြင်ဘက် ဘုန်းကြီးကျောင်းအနီးထွက်ပြေးပြီး ထိုင်နေစဉ် စောလယ်ထူးက နောက်ကလိုက်လာပြီး မ-------ကို လည်ပင်းညှစ်ပြီး လက်သီးနဲ့ ထပ်မံထိုးခဲ့တယ်လို့ သမီးဖြစ်သူက ပြောပြလို့ ဒေါ်တင်တင်ဝင်းက စောလယ်ထူး အားအရေးယူပေးဖို့ တိုက်တန်းခဲ့တာ ဖြစ်ပါတယ်။

ကော့သောင်းရဲစခန်းက စောလယ်ထူးကို ရာဇသတ်ကြီးပုဒ်မ-၃၇၆/ ၅၁၁ /၃၂၃ နဲ့ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013