DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတံတားတွင် တရားမဝင် ငှက်သိုက်များ ဖမ်းဆီးရမိ
DVB
·
July 27, 2017
တနင်္သာရီတံတားတွင် တရားမဝင် ငှက်သိုက်များ ဖမ်းဆီးရမိ
Donate to DVB

တနင်္သာရီတံတားမှာ ဇူလိုင်လ ၂၆ ရက်နေ့က တရားမဝင် သယ်ယူလာတဲ့ ဇီဝဇိုးငှက်သိုက်တွေကို တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မောတောင်မှ မြိတ်မြို့ဘက်ကို မောင်းနှင်လာတဲ့ ကလိုဆေး ကားလိုင်းက TOYOTA HI ACE အမျိုးအစား ခရီးသည်တင်ယာဉ်ကို သတင်းအရ ရပ်တန့်စစ်ဆေးရာ စာရွက်စာတမ်း အထောက်ထား တစုံတရာ မပါဝင်တဲ့ ငှက်သိုက်တွေ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မြိတ်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘခင်က ပြောကြားပါတယ်။

“ကျနော်တို့ကားကို ရပ်တန့်ပြီးစစ်ဆေးတော့ ဇီဝဇိုးငှက်သိုက်တွေ ထည့်ထားတဲ့ စက္ကူပုံးတွေကို တွေ့ရတယ်။ ဒါတွေကို သယ်မယ်ဆိုရင် တရားဝင်မျှောစာတွေ လုပ်ရပါတယ်၊ ဒီလိုပါပဲ၊ မြို့ပေါ် ရောင်းဝယ်နေတဲ့သူတွေလည်း မျှောစာတွေ လုပ်ထားကြပါတယ်။ ဒီလို မြို့ဖြတ်သယ်မယ်ဆိုရင် သစ်တောမှာ တရားဝင်မျှောစာ လာထုတ်ပါ။ ကျနော်တို့ ဆောင်ရွက်ပေးနေပါတယ်။ အခုက တရားမဝင် သယ်လာလို့ ဖမ်းဆီးလိုက်တာပါ။”

ဖမ်းဆီးရမိခဲ့တဲ့ ငှက်သိုက်တွေဟာ ၇ ပိဿာ၊ ၉၀ ကျပ်သားရှိကာ ကာလပေါက်ဈေး ကျပ် ၁၁၈ သိန်းရှိ ကြောင်းသိရပါတယ်။

ငှက်သိုက်တွေဟာ မောတောင်နယ်စပ်မှာ အနည်းအကျဉ်းရှိသလို ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်အတွင်းမှတဆင့် တင်သွင်းကာ နယ်စပ်ကို ဖြတ်သန်းဝင်ရောက်နေကြောင်း မောတောင်ဒေသခံတွေက ပြောပါတယ်။

တရားမဝင် ငှက်သိုက်တွေကို သယ်ဆောင်လာတဲ့ ယာဉ်မောင်း တင်စိုးလွင် (၂၇-နှစ်)ကို တနင်္သာရီမြို့မရဲစခန်းက (ပ)၂၁၄/၂၀၁၇၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၆(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013