DVB Logo
Home
မြန်မာသတင်း
ကော့သောင်း-ဘုတ်ပြင်းကားလမ်းပေါ် တံတားတစင်း မြေကျွံကျ
DVB
·
July 27, 2017
ကော့သောင်း-ဘုတ်ပြင်းကားလမ်းပေါ် တံတားတစင်း မြေကျွံကျ
1 / 6
Donate to DVB

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ တိုက်စားမှုကြောင့် ကော့သောင်းဘုတ်ပြင်း ကားလမ်းပေါ်မှာ ဇူလိုင် ၂၆ ရက်နေ့ မနက် ၁၁ နာရီလောက်က တံတားတစင်း မြေကျွံနိမ့်ကျခဲ့တယ်လို့ ဘုတ်ပြင်းမြို့ရဲတပ်ဖွဲ့စခန်းကပြောပါတယ်။

မြေကျွံနိမ့်တ်ျသွားတဲ့ တံတားမှာ ဘုတ်ပြင်းမြို့နယ် ထောင်ခမတ်ကျေးရွာအုပ်စု တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီအနီးမိုင်တိုင်အမှတ် (၁၅၈/၄-၅) မဟဲဆီချောင်းကူး ကွန်ကရစ်တံတား တစင်းဖြစ်ပြီး အလျား ၉၀ ပေအကျယ် ၁၈ ပေခံနိုင်ဝန်တန် ၃၀ ရှိ တံတားတစင်းဖြစ်ပြီး မိုးကြီးကာ တောင်ကျရေးများစီးဆင်းမှုကြောင့် တံတားအလယ်တိုင်နိမ့်ကျပြီး ယာဉ်နဲ့လူတွေ သွားလာမှု ရပ်တန့်ခဲ့ပါတယ်။

ကော့သောင်းခရိုင် လမ်းဦးစီးဌာန လ/ထညွန်ကြားရေးမှူး ဦးထွန်းလွင်က လက်ရှိသွားလာလို့ရအောင် ပျဉ်ပြားတွေ ထိုးပေးသွားမှာဖြစ်ပြီး ဆိုင်ကယ်နဲ့ကားတွေ သွားလို့ရအောင် လက်ရှိတံတား ပေ ၂၀ အကွာမှာ အရှည်ပေ ၁၀၀ ပေအကျယ် ၁၂ ပေခံနိုင်ဝန် ၁၃ တန်ရှိတဲ့ ဘေလီတံတားတစင်း ထိုးပေးမှဖြစ်ပြီး တံတားထိုးချိန် ၁၀ ရက်ခန့်ကြာမြင့်မှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ လူများသာသွားလို့ရပြီး ဆိုင်ကယ်နှင့်မော်တော်ယာဉ်တွေ သွားလို့မရသေးဘူးလို့ သိရပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013