DVB Logo
Home
မြန်မာသတင်း
မြန်မာတနိုင်ငံလုံးတွင် A (H1N1)လူနာ ၂၀ရှိဟု ကျန်းမာရေးဌာနထုတ်ပြန်
DVB
·
July 27, 2017
မြန်မာတနိုင်ငံလုံးတွင် A (H1N1)လူနာ ၂၀ရှိဟု ကျန်းမာရေးဌာနထုတ်ပြန်
Donate to DVB

တနိုင်ငံလုံးမှာ ရရှိတဲ့ အချက်အလက်တွေအရ ဇူလိုင် ၂၆ ရက်  ညနေပိုင်းအထိ Influenza A (H1N1) pdm 2009 - Positive စုစုပေါင်း လူနာ ၂ဝ ဦးရှိခဲ့ပြီး ၄င်းတို့အနက် ၃ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့ရှိဆေးရုံကြီးတွေမှာ  လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ(Severe Acute Respiratory Illness)နဲ့ စုစုပေါင်းလူနာ ၂၁ ဦးကို ကုသမှု ပေးခဲ့ရာမှာ  Seasonal Influenza A (H1N1) pdm 2009 - Positive စုစုပေါင်းလူနာ ၁ဝ ဦးရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ်မှာတော့  သံသယတုပ်ကွေးရောဂါဖြစ်ပွားသူ ၃ဝဝ ခန့်အနက်မှ ၁ဝ ဦးမှာ Seasonal Influenza A (H1N1) pdm 2009 - Positiveတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မတူပီမှာ သေဆုံးခဲ့တဲ့ ကလေး ၁ ဦးမှာတော့ ရောဂါပိုးမတွေ့ရဘူးလို့  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က နိုင်ငံပိုင်မီဒီယာတွေကို ပြောထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013