DVB Logo
Home
မြန်မာသတင်း
ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ထားဝယ်တွင် အရေးပေါ်ကျောင်းပိတ်
DVB
·
July 27, 2017
ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ထားဝယ်တွင် အရေးပေါ်ကျောင်းပိတ်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က ကြက်မွေးမြူရေးခြံတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 တွေ့ရှိတဲ့အတွက် မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းတွေကို ဇူလိုင် ၂၇ ရက်ေန့ကနေ ၃၁ ရက်နေ့အထိ အရေးပေါ်ပိတ်ထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ထုတ်ပြန်ကြေညာပါတယ်။

ထားဝယ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က မွေးမြူရေးကြက်ခြံတခြံမှာ ကြက်ထောင်ချီသေဆုံးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးရာမှာ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ကူးစက်ရောဂါဖြစ်ပွားကြောင်း မြို့နယ် တိမွေးကုဌာနက ထုတ်ပြန်ပြောဆိုထားပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါကြောင့် မြို့နယ်အတွင်းရှိ ကြက်ဥ၊ ကြက်သားရောင်းချခွင့် ပိတ်ပင်ထားပြီး မြို့နယ်အတွင်းက ကြက်မွေးမြူရေးခြံ ၆ ခြံကိုလည်း ရောင်းချခွင့်ပိတ်ပင်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013