DVB Logo
Home
မြန်မာသတင်း
စပါးခင်းများ ​ခရုကျ​ရောက်​မှု အသိပညာပေးရေး ပူး​​ပေါင်း​ဆောင်​ရွက်​​ကြရန်​ တိုက်​တွန်း
DVB
·
July 27, 2017
စပါးခင်းများ ​ခရုကျ​ရောက်​မှု အသိပညာပေးရေး ပူး​​ပေါင်း​ဆောင်​ရွက်​​ကြရန်​ တိုက်​တွန်း
1 / 4
Donate to DVB

စပါးခင်းများအတွင်း ခရုကျရောက်မှု အသိပညာပေးလုပ်ငန်းတွေကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုပြည်နယ်ဦးစီမှူး ဦးဇော်လင်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၂၆ မွန်းလွဲ ၂ နာရီက ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ပြုလုပ်တဲ့ ဌာနဆိုင်ရာတွေကို စပါးဖျက်ခရုနှင့် ကာကွယ်နှိမ်နင်းနည်းများ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ ပေးအပ်ခြင်း အခမ်းအနားမှာ ပြောဆိုလိုက်တာပါ။

ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုပြည်နယ်ဦးစီမှူး ဦးဇော်လင်းက “အခုစပါးတွေစိုက်ပျိုးတဲ့အချိန်မှာ ခရုတွေကိုက်တဲ့အတွက် စပါးပင်တွေရှင်သန်မှု ရှိသင့်သလောက် မရှိတော့ဘဲနဲ့ ယုတ်လျော့လာတာတွေရှိပါတယ်။ အဲဒါကိုလည်း ဒီမှာပဲ စပါးပင်တွေကို ခရုကာကွယ်မှုအနေနဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေနဲ့ အခြားအသိပညာပေး စာသားတွေကိုလည်း ပေးမှာဖြစ်သလို မြို့နယ်စိုက်ကြပ်အဖွဲ့ကနေ ကွင်းဆင်းပြီးတော့ ကိုယ်တိုင်လည်း ဝင်ရောက်ကောက်ယူနေသလို့ စိုက်ပျိုးရေးဌာနနဲ့ သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ ကျေးရွာအဖွဲ့တွေနဲ့ ခရုကောက်တဲ့အချိန်မှာ ကြည့်ရှုအားပေးပြီးတော့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါ” လို့ ပြောပါတယ်။

ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က “ကျနော်တို့ ကရင်ပြည်နယ်မှာ ခရုကျရောက်မှု အခြေအနေနဲ့ ပြောရင် ဆိုးဝါးမှု အဆင့်မရောက်သေးပေမယ့် ခရုကျရောက်တဲ့ အတိုင်းအတာတခုတော့ရှိပါတယ်။ ဧက ရာနဲ့ချီ ပျက်စီးဆုံးရှုံးမှုမရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ အခုလို အချိန်မီ အသိပညာပေးလုပ်ငန်းတွေကို ကိုယ်မြို့နယ်အလိုက်၊ ခရိုင်အလိုက် စုပေါင်းဆောင်ရွက်မယ်ဆို ဘာပဲပြောပြော ကျနော်တို့က ဆုံးရှုံးမှုတွေ့နည်းပြီးတော့ လယ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှုကို အများကြီး ကာကွယ်နိုင်မယ်။ စောင့်ရှောက်နိုင်မယ်။ ကျနော်တို့ ဝန်ထမ်းပိုင်းကနေပြီးတော့ ဆောင်ရွက်ရမယ့် တာဝန်လေးတွေကို အခုလို ကျနော်တို့က ပြန်ပြီးတော့ ဖြန့်ဝေရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း စပါးစိုက်ပျိုးလုပ်ကိုင်နိုင်တဲ့ လယ်မြေဧက ၅ သိန်း ၂ သောင်းကျော်ရှိပြီး လက်ရှိ ၅ သိန်းဝန်းကျင်လောက် စိုက်ပျိုးလျက်ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ စပါးဖျက်ခရုနဲ့ ကာကွယ်နှိမ်နင်းနည်း လက်ကမ်းစာစောင်တွေကို ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် ဒေသခံတောင်သူတွေ၊ ပြည်သူလူထုထံ ဖြန်ဝေခဲ့ပြီး လက်တွေ ကွင်းဆင်းခရုကောက် ပညာပေးလုပ်ငန်းတွေကို ဒေသခံတောင်သူတွေနဲ့ ပူပေါင်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013