DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်အတွင်း လူသေအလောင်းတလောင်း တွေ့ရှိ
DVB
·
July 26, 2017
ဖြူးမြို့နယ်အတွင်း လူသေအလောင်းတလောင်း တွေ့ရှိ
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကင်ပွန်းခြုံကျေးရွာအုပ်စုအတွင်းရှိ လယ်ကြားရိုးတခုအတွင်းမှ ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က အမျိုးသားအလောင်းတလောင်းတွေရှိခဲ့ရတယ်လို့ ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းက ပြောပါတယ်။

ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက "အခုသိရသလောက်ကတော့ ဒီအမျိုးသားပျောက်နေတာက ၄ ရက် ၅ ရက်လောက်ရှိနေပြီ။ နာရေးတခုကိုသွားပြီး အပြန်မှာ ပျောက်တာလို့ ကြားတယ်။ အခုလည်း အလောင်းတလောင်း ပေါ်နေတယ် အမျိုးသားအလောင်း ဖြစ်တယ်ဆိုလို့ သူ့မိသားစုကလာကြည့်ပြီး အတည်ပြုပေးတာပါ။ ပျောက်နေသူ ဟုတ်တယ် ဆိုတာကို။ သူဖြစ်တာက ကျောက်တခါးမြို့နယ်ပါ။ အလောင်းတွေ့တာက ကျနော်တို့ အပိုင်ထဲမှာ ဆိုတော့ ဒီကပဲ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ အခုလည်း အလောင်းကိုသယ်လာပါပြီ။ စစ်ဆေးမှာပါ။ ခုလောလောဆယ်တော့ သေမှုသေခင်း ဖွင့်ထား ပါတယ်"လို့ ပြောပါတယ်။

သေဆုံးသူ ဦးမောင်သောင်း မှာ ကျောက်တံခါးမြို့နယ် အနမ်းဘော်အုပ်စုနေသူဖြစ်ကာ အလောင်းမှာ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ရေနစ်သေဆုံးနေတာဖြစ်ပြီး သေဆုံးသူရဲ့အလောင်းကို ကညွတ်ကွင်းပြည်သူဆေးရုံသို့ ပို့ဆောင် စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၇ နဲ့ အမှုဖွင့်ထားတယ်လို့  သိရပါတယ်။

သတင်း ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013