DVB Logo
Home
မြန်မာသတင်း
ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်တွင် ဆိုင်ကယ် ဝင်ရောက်ခိုးယူသူအား ဖမ်းမိ
DVB
·
July 26, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်ရှိဆိုင်ကယ် ဝင်ရောက်ခိုးယူသူကို ဇူလိုင်၂၆ ရက် မနက်က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။

အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက “ဇူလိုင် ၂၆ ရက် မနက်၎ နာရီလောက်က အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဝင်း ဟာ နေအိမ်မှာ အိပ်ပျော် နေစဉ် အိမ်အောက်ထပ်ခန်းမှ အသံကြားရတဲ့အတွက် လန့်နိုးပြီးကြည့်ရာ နေအိမ် အောက်မှာ ထားရှိတဲ့ ဆိုင်ကယ်ကို အမည်မသိလူတဦးက လမ်းပေါ်သို့ တွန်းထုတ်ခိုးယူနေတာကို တွေ့ရှိတဲ့ အတွက် ရဲစခန်းသို့အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တွေနဲ့အတူ ဖမ်းဆီးစဉ် အမည်မသိ လူမှာ ဆိုင်ကယ်ကို ပစ်ချပြီးထွက်ပြေးသွားတဲ့အတွက် လိုက်လံဖမ်းဆီးခဲ့ရပါတယ်။ ခိုးယူသွားသူမှာ ကန့်ဘလူမြို့နယ် အင်ငုတ်တိုကျေးရွာနေ အောင်နိုင်လင်း(ခ)နိုင်လင်း ဆိုသူဖြစ်ကြောင်း သိရပြီး ဥပဒေအရ အရေးယူပေးပါဖို့ တိုင်ကြားထားတဲ့ အမှုဖြစ်တယ်”လို့ ပြောပါတယ်။

ဆိုင်ကယ်ခိုးယူသူ အောင်နိုင်လင်း(ခ)နိုင်လင်းကို အင်းတော်မြိ့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၀ နဲ့ အရေးယူထားပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013