DVB Logo
Home
မြန်မာသတင်း
ရန်ကင်းကလေးဆေးရုံကြီး၌ကုသနေသည့် ကလေး ၂ ဦးအနက် ၁ ဦး H1N1 နှင့်ကျန် ၁ ဦး၌ H3N2 ရောဂါပိုးတွေ့ရှိ
DVB
·
July 26, 2017
ရန်ကင်းကလေးဆေးရုံကြီး၌ကုသနေသည့် ကလေး ၂ ဦးအနက် ၁ ဦး H1N1 နှင့်ကျန် ၁ ဦး၌ H3N2 ရောဂါပိုးတွေ့ရှိ
Donate to DVB

 

ရန်ကင်းကလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကလေးငယ် ၂ ဦးမှာ H1N1 သံသယရှိတဲ့ လက္ခဏာတွေ့ရှိတဲ့အတွက် ဓာတ်ခွဲစမ်းသပ်ရာမှာ ကလေးငယ် ၂ ဦးထဲက ၁ ဦးမှာ H1N1 ရောဂါပိုးတွေ့ရှိခဲ့ပြီး နောက် ၁ ဦးမှာ ရာသီပေါ်တုပ်ကွေး အမျိုးအစား H3N2 ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ပြောပါတယ်။

လက်ရှိမှာ ကလေးငယ် ၂ ဦးကို ရန်ကင်းကလေးဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင် သီးသန့် အခန်းမှာ တယောက်တခန်းထား ကုသပေးနေပြီး ကလေးငယ် ၂ ဦးရဲ့ ကျန်းမာရေး အခြေအနေမှာ မနေ့ကထက်ကောင်းမွန်တဲ့ အနေအထားရှိပေမယ့် လက်ရှိမှာတော့ သေချာစောင့်ကြပ် ကုသမှုတွေကို လုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။

ကလေးငယ်နှစ်ဦးမှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှ အသက် ၃ နှစ် အရွယ် ကလေးငယ်တဦးနဲ့ ပဲခူးတိုင်း သက္ကလမြို့နယ်မှ အသက် ၅ နှစ်ခွဲအရွယ် ကလေးငယ်တဦး ဖြစ်ပြီး ကလေးငယ် နှစ်ဦးလုံးမှာ ယောင်္ကျားလေးတွေဖြစ်ပါတယ်။

ကလေးငယ်နှစ်ဦးမှာ တဦးဟာ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တဲ့ရောဂါနဲ့ နောက်တဦး ကတော့ ကျောက်ကပ်ရောင်ရောဂါဖြစ်ပွားပြီး ဆေးရုံကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013