DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်၌ နောက်တကြိမ် ရေပြန်တက်နေသဖြင့် ရေဘေးရှောင်များနေရပ်မပြန်နိုင်
DVB
·
July 26, 2017
ပခုက္ကူမြို့နယ်၌  နောက်တကြိမ် ရေပြန်တက်နေသဖြင့် ရေဘေးရှောင်များနေရပ်မပြန်နိုင်
Donate to DVB

 

ပခုက္ကူမြို့နယ်ထဲမှာ နောက်တကြိမ် ရေပြန်တက်နေတာကြောင့် သောင်းနဲ့ချီတဲ့ ရေဘေးရှောင် ဒေသခံပြည်သူတွေဟာ နေရပ်မပြန်နိုင်သေးဘဲ ရှိနေပါတယ်။

ပခုက္ကမြို့နယ်ထဲမှာရှိတဲ့ ရေဘေးရှောင်ပြည်သူပေါင်း ၄ သောင်းနီးပါးရှိနေပြီး ဇူလိုင် ၁၃ ရက်နေ့ကတည်းက ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းတွေမှာ လာရောက်နေထိုင်နေကြတာပါ။

ဥယျာဉ်ရေဘေးရှောင်စခန်းတာဝန်ခံ ကိုရဲထွဋ်ကတော့ “အရင်ရက်တွေက ရေနည်းနည်း ပြန်ကျသွားတော့ သူတို့အိမ်တွေကို ပြန်ပြီး နုန်းတွေ ဆေးချတာတွေ၊ ပြန်ပြင်တာတွေ လုပ်ကြတာတွေ ရှိတယ်။ နောက်ထပ် ရေထပ်ကြီးမှာကို ကြောက်လို့ အကုန်မပြန်သေးကြတာပေါ့။ အခု စိုးရိမ်တဲ့အတိုင်း ရေက ပြန်တက်လာပြီ” လို့ ပြောပါတယ်။

ဥယျာဉ်ရေဘေးရှောင်စခန်းဟာ ပခုက္ကူမြို့နယ် သဘာဝဘေးအန္တရာယ် လျှော့ချရေးအဖွဲ့နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်းပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပခုက္ကူမြို့နယ်ထဲက ကျေးရွာ ၃ ရွာဖြစ်တဲ့ နှုန်းပို့ကျေးရွာ၊ သဖန်းပင်ကျေးရွာ၊ ရှားပင်ကျေးရွာ ၃ ရွာက ရေဘေးရှောင်ပြည်သူတွေကို စောင့်ရှောက်ပေးထားတာ ဖြစ်ပြီး ရေဘေးရှောင် ပြည်သူပေါင်း ၁၃၀၈ ဦးထိ ရှိနေတာပါ။

ဒီကယ်ဆယ်ရေးစခန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို မြစ်ခြေတိုက်နယ် ညောင်ပင်ဆေးခန်းက တာဝန်ယူထားပါတယ်။ သောက်သုံးရေကို ကယ်ဆယ်ရေးစခန်းက ရေတွင်း ၃ တွင်း တူးပေးထားပြီး မီးသတ်ဦးစီးဌာနကလည်း သောက်သုံးရေ လှူသလို အလှူရှင်တွေ အချို့ကလည်း လာရောက်လှူဒါန်းထားတယ်လို့ သိရပါတယ်။

ရေဘေးရှောင်စခန်းမှာ နေထိုင်သူတွေအတွက် စားဝတ်နေရေးက သူတို့မှာ ပါလာတာကို စားသောက် နေထိုင်နေကြရတာကြောင့် ရေရှည်မှာ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013