DVB Logo
Home
မြန်မာသတင်း
ပြည်ထဲရေးအရာရှိဟောင်းများ အဂတိလိုက်စားမှုကျူးလွန်ဟု စစ်ဆေးပေါ်ပေါက်တရားစွဲဆို
DVB
·
July 26, 2017
ပြည်ထဲရေးအရာရှိဟောင်းများ အဂတိလိုက်စားမှုကျူးလွန်ဟု စစ်ဆေးပေါ်ပေါက်တရားစွဲဆို
Donate to DVB

ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယ အမြဲတမ်းအတွင်းဝန်ဟောင်း ဦးပြုံးချို အပါအဝင် ၆ ဦးတို့ကို အဂတိလိုက်စားမှု ကျူးလွန်ခဲ့တာ စစ်ဆေးပေါ်ပေါက်လို့ တရားစွဲအရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ပါတယ်။

နိုင်ငံတော်ကပြန်လွှဲပေးခဲ့တဲ့ စက်မှုဝန်ကြီးဌာန အမည်ပေါက်မြေ အရောင်းအ၀ယ်ကိစ္စမှာ အဂတိလိုက်စားတယ်ဆိုပြီး အရေးယူပေးဖို့ ရန်ကုန်မြို့ ကမာရွတ်နဲ့ ရန်ကင်းမြို့နယ်နေ နစ်နာသူ တွေကတိုင်ကြားထားတဲ့ အမှုနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းစစ်ဆေးပြီးနောက် ဇူလိုင် ၂၅ ရက်က ခုလို တရားစွဲလိုက်တာပါ။

စုံစမ်းစစ်ဆေးရာမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး  ဦးပြုံးချို (ယခင် ပြည်ထဲရေးဝန်ကြီးဌာန  ဒုအမြဲတမ်းအတွင်းဝန်)ဟာ ရာထူးတာဝန်ကို အကြောင်းပြု ကိုယ်ကျိုး စီးပွားအတွက် အဂတိလိုက်စားမှုကျူးလွန်ခဲ့တာ ပေါ်ပေါက်ခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ တရားစွဲ အရေးယူခံထားရပါတယ်။

ဒုရဲမှူးကြီး ကျော်ဇေယျာ (ယခင် ပြည်ထဲရေးဝန်ကြီးရုံး)၊ စစ်ကိုင်းခရိုင်ထွေအုပ် ဦးစီးအရာရှိ ဦးမျိုးခိုင် (ယခင် ပြည်ထဲရေးဝန်ကြီးရုံး)၊ မြေပိုင်ရှင်ရဲ့ ကိုယ်စားလှယ် ဦးကျော်နိုင်စိုးနဲ့ အငြိမ်းစားဗိုလ်ကြီး ဦးနေမျိုးထွန်းတို့ကိုတော့  ရာထူးအလွဲသုံးစားလုပ်တာကို သိလျက်နဲ့ လိုက်ပါ ကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ နဲ့ တရားစွဲထားတယ်လို့ဆိုပါတယ်။

မော်လိုက်ခရိုင်ထွေအုပ် ဒုညွန်ကြားရေးမှူး ဦးကျော်ရဲသွေး (ယခင် ပြည်ထဲရေးဝန်ကြီးရုံး) ကတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ရန်ကုန်တိုင်း တရားလွှတ်တော်မှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ မှာ နိုင်ငံရေးရာထူး လက်ရှိ ဖြစ်သူမှအပ အခြားမည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရရင် ၇ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်း ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013