DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ ကော့သောင်းနယ်စပ်ဂိတ်မှ ဆက်လက်ရောက်ရှိ
DVB
·
July 26, 2017
Donate to DVB

ထိုင်းနိုင်ငံမှ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား အများအပြား နေရပ် ပြန်နေကြရာမှ ကော့သောင်းနယ်စပ်ဂိတ်ကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းက နေရပ်ပြန် အလုပ်သမား ၅၇ ဦး ဝင်ရောက်လာပါတယ်။

ဝင်ရောက်လာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအခြေစိုက် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်ပေးနေကြတဲ့ ပရဟိတအဖွဲ့တွေက ကော့သောင်းနယ်စပ်ဂိတ်ကို ပြန်နိုင်အောင် စီစဉ်ပေးပြီး ကော့သောင်းမြို့က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကမ်းနီး အဖြူရောင်ပရဟိတအဖွဲ့တို့က နွေးထွေးစွာ ကြိုဆိုခဲ့ကြကာ နေရပ်ပြန်နိုင်အောင် မော်တော်ယာဉ်တွေ စီစဉ်ပေးခဲ့ကြပါတယ်။

ဝင်ရောက်လာကြတဲ့ သူတွေထဲက ကိုဆန်းနိုင်က “ဖူးခက်က စားသောက်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ အလုပ်သမားကတ်လည်း မရှိဘူး။ ရဲလာပြီဆိုရင် ရှောင်နေရတယ်။ တွေ့သွားရင်တော့ အလုပ်ရှင်က ပြောလိုက်ရင် ရတယ်။ အခုက အလုပ်ရှင်ကလည်း တာဝန်မယူတော့ဘူး။ မြန်မာတော်တော်များများကလည်း ပြန်နေကြတယ်ဆိုတော့ ပြန်မယ်ဆိုပြီး လာတာ။ ရနောင်းမှာ အဖမ်းခံရပြီး အချုပ်ထဲမှာ ၇ ရက် နေခဲ့ရတယ်”လို့ ပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ ဝင်ရောက်လာတဲ့ လူဦးရေ ၁၈၀၀ နီးပါး ရှိသွားပြီလို့ လ.ဝ.က စာရင်းတွေအရ သိရပါတယ်။

သတင်း - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013