DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတ၀န်း လူပေါင်း ၁ သိန်း ၃ သောင်းကျော်ရေဘေးဒုက္ခခံစားနေရ
DVB
·
July 26, 2017
Donate to DVB

 

မြန်မာနိုင်ငံတ၀န်း ပြည်နယ်နဲ့တိုင်းဒေသကြီး ၈ ခုမှာ အိမ်ခြေ ၃၃၂၃၃ ကျော်မှ လူဦးရေ ၁၃၄၅၉ဝ ကျော် ရေဘေးသင့်နေကြရတယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို ကိုးကားပြီး ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဇူလိုင် ၂၃ ရက်အထိ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ ရခိုင်၊ မွန်နဲ့ ကရင် ပြည်နယ်တို့မှာ ရေဝင်ရောက်တဲ့ အိမ်ခြေပေါင်း  ၃၆၉၃၉ အိမ်နဲ့  ရေနောက်မျောပါတဲ့ အိမ်ခြေ ၅၄ အိမ်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးတခုထဲမှာ  ရေဘေးကြောင့် ပြောင်းရွှေ့ရတဲ့ အိမ်ခြေ ၂၂၆၂ဝ နဲ့ ရေဘေးသင့်ပြည်သူ ၉ဝ၄၁၇ ဦးရှိပြီး တစ်နိုင်ငံလုံးမှာ   ရေဘေးသင့်သူ အရေအတွက် အများဆုံး ဒေသဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာရေဘးသင့် လူဦးရေ စုစုပေါင်း ၂၃၅၉၅ ဦး၊ ပဲခူးတိုင်းမှာ ၁ဝ၁၃၃ ဦး၊ ကရင်ပြည်နယ်မှာ ၂၄ဝဦး၊ ဧရာဝတီတိုင်းမှာ ၄၄၄၁ ဦး၊ မွန်ပြည်နယ်မှာ  ၅ဝ၇ဝ၊  နေပြည်တော် လယ်ဝေးမြို့နယ်မှာ ၃၁၈ ဦးနဲ့  ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ  ၃၆၉ ဦးရှိတယ်လို့ သိရပါတယ်။

အဆိုပါ ရေဘေးသင့်အိမ်ထောင်စုတွေနဲ့  ပြည်သူတွေအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ဆန်ရိက္ခာနဲ့ အခြားထောက်ပံ့ ပစ္စည်းတွေအတွက် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၇ဝ၁၂၃ဝဝ၂ ကျော် ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013