DVB Logo
Home
မြန်မာသတင်း
သံတွဲမြို့နယ်တွင် ကမ်းပါးပြိုကျ၍ ဘုရားဆင်းတုတော်များ အရေးပေါ်ရွှေ့ပြောင်း
DVB
·
July 25, 2017
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေတိုက်စားလာလို့ ကမ်းပါးတဖြေးဖြေးနဲ့ ပြိုကျ လာတဲ့အတွက် ပုစွန်ဖြေအုပ်စု ပုစွန်ဖြေအောက်ရွာ မေတ္တာဝါဒီ ကျောင်းတိုက် သိမ်တော်နေရာက ဘုရားဆင်းတုတွေကို အရေးပေါ် ရွှေ့ပြောင်းလိုက်ရပါတယ်။

ကျောင်းထိုင်ဆရာတော် ဦးသုမနက “အခုဆောက်လုပ်ထားတဲ့ သိမ်ကျောင်းဆောင်က နှစ်ပေါင်း ၆၀ ကျော်ရှိနေပြီး နှစ်စဉ်နှစ်တိုင်း တဖြည်းဖြည်းနဲ့ ကမ်းပါးပြိုကျလာတာကြောင့် ဇူလိုင် ၂၄ ရက်နေ့ ညနေပိုင်းက အခုလို အရေးပေါ် ရွှေ့ပြောင်းလိုက်ရတာ”လို့ ဒီဗွီဘီကို မိန့်ပါတယ်။

“အရေးပေါ်အနေနဲ့ ဘုရားဆင်းတု ၅ ဆူကို ရွှေ့ပြောင်းလိုက်ပါရတယ်။ ဒီကမ်းပါးက နှစ်စဉ်နှစ်တိုင်း ပြိုကျတယ်။ ဒီနှစ်ဆိုရင် အရမ်းကို ဆိုးဝါးလာတယ်။ ဒီနှစ် ကမ်းပါးပြိုကျတာဆိုရင် ပေ ၉၀ လောက် ပြိုကျသွားပြီ။ ဦးဇင်းတို့မှာ ကမ်းထိန်းနံရံလည်း မလုပ်နိုင်ဘူး။ ဘုရားဆင်းတုတွေကိုတော့ မနေ့ကတည်း အရေးပေါ် ရွှေ့ပြောင်းလိုက်ရပါတယ်။ ဒီနေ့ကတော့ ဦးဇင်းတို့ စိုးရိမ်ရတဲ့အတွက် သိမ်ကို ပါတခါတည်း ဖြိုပစ်လိုက်ပါတယ်။”

ပုစွန်ဖြေအောက်ရွာ မေတ္တာဝါဒီကျောင်းထိုင်ဆရာတော် ဦးသုမန ဦးစီးပြီး ကျေးရွာသူရွာသားတွေက ဘုရားဆင်းတုတော်တွေကို ကြိုးတွေ မျှောတုံးတွေနဲ့ ဆွဲယူ ပင့်ဆောင် ရွှေ့ပြောင်းခဲ့ရပါတယ်။

အခု အရေးပေါ် ရွှေ့ပြောင်းလိုက်ရတဲ့ သိမ်ကျောင်းဆောင်က ပတ်လည် ၅၄ ပေရှိပြီး ဘုရားဆင်းတုတော် ၅ ဆူ တည်ထား ကိုးကွယ်ထားတာပါ။ ဒါ့အပြင် အခုလို တဖြည်းဖြည်းနဲ့ ကမ်းပါးပြိုကျလာတာကြောင့် ကျောင်းတိုက်ကိုလည်း မကြာခင် ပြောင်းရွှေ့ရဖို့ အနေအထား ရှိတယ်လို့ ကျောင်းထိုင်ဆရာတော် ဦးသုမနက မိန့်ပါတယ်။

“မိုးရွာအဆက်မပြတ်ရွာနေ၃-၄ရက်ရှိပြီး။ တောင်ကျချောင်းရေတွေလဲ အရမ်းပြင်တယ်။ ဦးဇင်းကျောင်းဖြို ရတော့မယ်။ ဦးဇင်းတို့ ဒီကိစ္စနဲ့ပတ်သက်လို့ သံတွဲက သက်ဆိုင်ရာတွေကို တင်ပြထားပါတယ်။ သက်ဆိုင်ရာကတော့ အကြံဉာဏ်ပေးတာ ရှိပါတယ်။ ကျောင်းနားကတော့ မြေကွက်တကွက် လောလောဆယ်ဝေဖို့ စီစဉ်ထားပါတယ်။ ဦးဇင်းတို့ရွာကလည်း သိပ်မတတ်နိုင်တော့ မဖြစ်နိုင်သေးဘူး။”

လတ်တလောမှာလဲ မေတ္တာဝါဒီကျောင်းတိုက်ဟာ ချောင်းကမ်းပါးနဲ့ ပေ ၁၂၀ ဝန်းကျင်လောက် နီးကပ်လာနေပြီး မကြာခင် မပြောင်းရင် ကျောင်းတိုက် ရေထဲမျောပါသွားမှာကို ကျေးရွာသူ ရွာသားတွေ စိုးရိမ်နေကြပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ဦးသုမန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013