DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ငါးများတင်လာသည့် ၆ ဘီးကားတိမ်းမှောက်
DVB
·
July 25, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး စကားအင်းရဲစခန်းနယ်မြေ မိုင်တိုင် ၃၅၇/၄ နဲ့ ၅ အကြား ဇူလိုင်လ ၂၅ရက်မနက် ၈နာရီတွင်ငါးတွေတင်လာတဲ့ ၆ ဘီးကုန်တင်ကား တစီး နောက်ဘီးပေါက်ကာ တိမ်းမှောက်ခဲ့တယ်လို့ စကားအင်းရဲစခန်းက ပြောပါတယ်။

စခန်းမှူး ရဲအုပ်သိန်းဗိုလ်က "မန္တလေးငါးဒိုင်ပို့မယ့် ငါးတွေပါ။ ဘယ်ဘက်နောက်ဘီး ပေါက်ပြီး ထိန်းမရပဲ မှောက်တယ်။ တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ မီးသတ်တပ်ဖွဲ့ ကျန်းမာရေးအဖွဲ့တွေအတူ အကူအညီပေးခဲ့တယ်။ ယာဉ်မောင်း အောင်ကျော်မင်းပါ ၂ ဦးကတော့ ဒဏ်ရာမရကြဖူး"လို့ ပြောပါတယ်။

စကားအင်းရဲစခန်းတွင် ယာဉ်မောင်း အောင်ကျော်မင်းကို ယာဉ်မဆင်မခြင် ပေါ့ဆစွာမောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၂၇၉၊ အမှုအမှတ် ယာဉ်(ပ)၂၁/၂၀၁၇နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013