DVB Logo
Home
မြန်မာသတင်း
တောင်​ကုတ်​မြို့နယ်​တွင် လေဆင်နှာမောင်းတိုက်၍ နေအိမ်အချို့ပျက်စီး
DVB
·
July 25, 2017
Donate to DVB
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဇူလိုင် ၂၅ ရက်နေ့ မနက်စောစော ၃ နာရီကစပြီး လေဆင်နှာမောင်းတိုက်ခဲ့တဲ့အတွက် ဆားပြင်ကျေးရွာအုပ်စု၊ ကမာကျေးရွာမှာ နေအိမ် ၆၂ လုံး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူဦးရေ ၃၀၀ နီးပါး အခက်အခဲ ဖြစ်နေရပါတယ်။ "လုံးဝ ပျက်စီးသွားတာက ၂ အိမ်ပါ။ သစ်ပင်ကျွတ်ပြီး ပိကျလို့ ပြိုသွားတာ။ အမိုးတွေ အားလုံး လွင့်ပါသွားတာက ၁၄ အိမ်ပါ။ လူဦးရေ ၅၀ လောက်တော့ နေစရာ မရှိတော့ဘူးပေါ့။ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ယာယီခိုလှုံရတာပေါ့"လို့ ကူညီပေးနေတဲ့ ကိုမောင်လုံးက ဒီဗွီဘီကို ပြောပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်ပြီး ပျက်စီးမှုတန်ဖိုး ကျပ် ၆၅သိန်းကျော်ရှိပြီး မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့က လာရောက်ရှင်းလင်း ကူညီပေးနေတယ်လို့လည်း ပြောပါတယ်။ ကမာကျေးရွာဟာ တောင်ကုတ် မအီ ကားလမ်းဘေးမှာ ရှိပြီး တောင်ကုတ်မြို့နဲ့ မိုင် ၂၀ ကျော် ဝေးကွာပါတယ်။ အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၁၁၀၀ ကျော်ရှိပါတယ်။

သတင်း - ကိုအောင်၊ ဓာတ်ပုံ သားသား(တောင်ကုတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013