DVB Logo
Home
မြန်မာသတင်း
ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်ယူသုံးစွဲမည်မဟုတ်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ် ကတိပေး
DVB
·
July 25, 2017
ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်ယူသုံးစွဲမည်မဟုတ်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ် ကတိပေး
Donate to DVB

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ကို လုံးဝထုတ်ယူသုံးစွဲသွားမှာ မဟုတ်ဘူးလို့ ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ကတိပေး ပြောကြားလိုက်ပါတယ်။

ထားဝယ်မြို့မှာ ဇူလိုင် ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ သတင်းမီဒီယာတွေက မေးမြန်းစဉ် ၀န်ကြီးချုပ်က ကတိပေး ပြောဆိုသွားခဲ့တာပါ။

“စိတ်ချပါ ကျမတို့ အစိုးရအဖွဲ့က တာဝန်ယူနေတဲ့ ကာလအတွင်း ပြည်သူတွေ ကန့်ကွက်နေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားကို လုံးဝထုတ်ယူသုံးစွဲသွားမှာ မဟုတ်ဘူး”လို့ ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ကတိပေး ပြောကြားသွားပါတယ်။

အရင် အစိုးရလက်ထက်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်နိုင်ဖို့ တနင်္သာရီတိုင်း မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု၊ လော့လွတ်ကျေးရွာ၊ တုံးဗျောကျေးရွာအုပ်စု မွှေ့ရှောင်ကျေးရွာနဲ့ တနင်္သာရီမြို့နယ်၊ သရာဘွင်ကျေးရွာတို့မှာ သက်ဆိုင်ရာ ကုမ္ပဏီတွေက ကြိုးပမ်းခဲ့ဖူးပါတယ်။

သတင်း - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013