DVB Logo
Home
မြန်မာသတင်း
တရုတ်ကုန်သည်များက မန္တလေးကိုလာရောက် စပါးဝယ်ယူနေသဖြင့်ဆန်စက်များအခက်တွေ့
DVB
·
July 25, 2017
တရုတ်ကုန်သည်များက မန္တလေးကိုလာရောက် စပါးဝယ်ယူနေသဖြင့်ဆန်စက်များအခက်တွေ့
Donate to DVB

 

ဆန်ဈေးအနည်းငယ်ကျနေချိန်မှာ တရုတ်ကုန်သည်တွေက မန္တလေးမြို့အထိဆင်းပြီး စပါးတွေ ၀ယ်ယူနေတာကြောင့် ဆန်စက်တွေ ရပ်ဆိုင်းတဲ့အထိ ဖြစ်လာနိုင်တယ်လို့ မန္တလေးတိုင်း ဆန်ကုန်သည်များအသင်း အတွင်းရေးမှူး  ဦးစိုင်းကျော်ကပြောပါတယ်။

စပါးတင်းတစ်ရာကို သာမန် ပေါက်ဈေးထက် ကျပ်နှစ်သောင်းသုံးသောင်းအထိ ဈေးပိုပေးပြီး တရုတ်ကုန်သည်တွေက ၀ယ်ယူနေပြီး ၀ယ်ယူထားတဲ့စပါးတွေကို ၁၂ ဘီးကားတွေနဲ့ တင်ဆောင်ကာ  မူဆယ်နယ်စပ်ကတဆင့် တရုတ်ပြည်ကိုတင်သွင်းနေတာပါ

မြန်မာနိုင်ငံဘက်က ဆန်ကိုနယ်စပ်ကနေ တရားဝင်တင်ပို့ခွင့်ပြုထားပေမယ့် စပါးကိုတော့ တရားဝင်  တင်ပို့ခွင့် မရှိပါဘူး။

အဲဒါကြောင့် အခုလို   တရားမ၀င်လမ်းကြောင်းကနေ စပါးတင်ပို့ နေတာကြောင့် နိုင်ငံတော်အတွက် အခွန်ငွေနစ်နာနေတဲ့အပြင် ပြည်တွင်းကဆန်စက်တွေ စပါးမကြိတ်ခွဲနိုင်တော့ဘဲ အလုပ်လက်မဲ့တွေဖြစ်လာနိုင်တယ်လို့လည်း ဆန်ကုန်သည်တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013