DVB Logo
Home
မြန်မာသတင်း
ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ၊ ဆိုင်ကယ်သမား ပွဲချင်းပြီးသေဆုံး
DVB
·
July 25, 2017
ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ၊ ဆိုင်ကယ်သမား ပွဲချင်းပြီးသေဆုံး
Donate to DVB

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ မုကျိရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းက အရှေ့ကသွားနေတဲ့ မော်တော်ယာဉ်ကို ဆိုင်ကယ်မှကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောမှလာတဲ့ ခရီးသည်တင်မှန်လုံယာဉ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိကာ လူသေဆုံးမှုဖြစ်ခဲ့တယ်လို့ ပေါင်ရဲစခန်းက ပြောပါတယ်။

ပေါင်မြို့မရဲစခန်းက ဒုရဲအုပ်မေသူအောင်က "ဆိုင်ကယ်သမားက တဖက်ကလာတဲ့ယာဉ်ကို သတိမထားဘဲ သူ့ရှေ့က ကားကိုကျော်တက်တာပါ။ လမ်းကလည်းကွေ့ကြီးဖြစ်နေတော့ အရှိန်မထိန်းနိုင်ဘဲ ဟိုဘက်လမ်းကလာတဲ့ Express ကားနဲ့မျက်နှာချင်းဆိုင်တိုက်မိတာပါ။ ဆိုင်ကယ်သမားက အခင်းဖြစ်နေရာမှာဘဲသေဆုံးသွားပါတယ်"လို့ပြောပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က ပေါင်မြို့၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ မုကျိရွာ၊ ပေါ်တော်မူဘုရားအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ တံတားအမှတ် ၁၇၆/၇ အနီးမှာ မော်လမြိုင်ဘက်မှသထုံမြို့ဘက်သို့ ယာဉ်မောင်း ညီညီဇော်(၂၀)နှစ် မောင်းနှင်လာတဲ့ အဖြူရောင်ဆိုင်ကယ်မှာ လမ်းကွေ့အရောက်မှာ အရှေ့မှသွားနေသောမော်တော်ယာဉ်ကို ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ရောက်ရှိကာ တဖက်ယာဉ်ကြောမှ ယာဉ်မောင်း နေလင်းထွန်း (၃၅)နှစ် မောင်းနှင်လာတဲ့ "ရွှေနဒီ" ဖြူပြာရောင် ခရီးသည်တင်ယာဉ်ရဲ့ ဘန်ဘာဝဲဘက်ထောင့်စွန်းကို ဝင်ရောက်တိုက်မိခဲ့ပါတာပါ။

ဆိုင်ကယ်မောင်းနျင်တဲ့ ညီညီဇော်မှာ ယာလက်ဖမိုးပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ဒူးပေါက်ပြဲဒဏ်ရာ၊ ဝဲနားသွေးထွက်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ဖူးယောင်ဒဏ်ရာတွေ ရရှိကာ အခင်းဖြစ်နေရာပင် သေဆုံးခဲ့ပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး သေဆုံးသူညီညီဇော်ကို ပေါင်မြို့မရဲစခန်းက ယာဉ်(ပ)၅၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။

သတင်း=ယူမင်းစိုး

ဓာတ်ပုံ=ရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013