မန္တလေးမြို့တွင် Smart City တည်ဆောက်ရန် ဦးအေးနေဝင်းနှင့် မြို့တော်စည်ပင်ဆွေးနွေး
မဆလအာဏာရှင် ဦးနေဝင်းရဲ့မြေးဖြစ်သူ ဦးအေးနေဝင်းဟာ တရုတ်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး မန္တလေးမြို့ Smart City တည်ဆောက်ဖို့ မန္တလေးမြို့တော်စည်ပင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပါတယ်။
ဇူလိုင် ၂၄ရက် နေ့ခင်းပိုင်းက တွေ့ဆုံဆွေးနွေးရာမှာ Insigma Technology Co.Ltd က Smart City ဖြစ်ဖို့အတွက် တရုတ်နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို လာရောက် တင်ပြတာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။
တရုတ်နိုင်ငံဘက်က သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေတဲ့ ကုမ္ပဏီ၊ အီလက်ထရောနစ် နည်းပညာကုမ္ပဏီတွေ ပါဝင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မန္တလေးမြို့မှာ Smart City တည်ဆောက်ဖို့အတွက် တရုတ်နိုင်ငံက ပညာရှင်တွေနဲ့ ဦးအေးနေဝင်း ဦးဆောင်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ တွေ့ဆုံတာနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ ဒီဗွီဘီက မေးမြန်းရာမှာ ဖြေဆိုဖို့ ငြင်းဆန်သွားပါတယ်။
Photo : Ye Lwin Linn











