
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ ဇူလိုင်လ ဒုတိယ အပတ်ကစလို့ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး လယ်ဧက ၁၉၀၅၁ ဧက ရေနစ်မြုပ်မှုဒဏ် ခံနေရတယ်လို့ မြိုနယ်အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးဝေလင်းကျော် က “ပျက်ဆီးဆုံးရှုံးတာကတော့ မသိရသေးဘူးခင်ဗျ။ ရေကျသွားမှပဲ သိရတော့မယ်။ သက်ဆိုင်ရွာ ကျေးရွာ အလိုက် လယ်စည်အဖွဲ့တွေကို ပျက်ဆီးဆုံးရှုံးမှုစာရင်းတွေ ကောက်ခိုင်းပြီး တိုင်းအစိုးရ အဖွဲ့ကို ကျနော်တို့ တင်ပေးရမှာ။ ထိခိုက်ပျက်စီးသီးနှံလျှော်ကြေးကိုတော့ တိုင်းအစိုးရက တဧက ဘယ်လောက် ပေးမယ် ဆိုတာကို ဆုံးဖြတ်ပေးမှာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။
ညောင်လေးပင်မြို့နယ်မှာ ကျေးရွာအုပ်စု ၆၁ အုပ်စုရှိပြီ ကျေးရွာအုပ်စု ၁၇ အုပ်စုက လယ်ယာမြေ ရေကြီးနစ်မြုပ်နေတဲ့အတွက် တောင်သူ ၂၆၅၀ ဦးရဲ့ လယ်မြေဧက ၁၉၀၅၁ ရေနစ်မြုပ်မှုဒဏ် ခံနေရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်











