DVB Logo
Home
မြန်မာသတင်း
နာရေးအိမ်က ဆိုင်ကယ်ခိုးသွားသူကို နာရီပိုင်းတွင်း ဖမ်းမိ
DVB
·
July 25, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ထီးလှိုင်အရှေ့ရွာ ဇူလိုင်လ ၂၄ ရက် မနက် အစောပိုင်းက နာရေးအိမ် လာကူညီသူရဲ့ ဆိုင်ကယ် ခိုးသွားသူကို နာရီပိုင်းအတွင်း ဖမ်းမိတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က “ရွာဓလေ့အရ နာရေးအိမ်ကို လူငယ် လူကြီးတွေ အားပေးတယ်။ ကူညီတယ်။ အခုလည်း လာကူညီတဲ့ ဆိုင်ကယ် ၁၅ စီးလောက် ရှိတယ်။ သူငယ်ချင်းဆီက ငှားစီးလာတဲ့ ခင်ချစ်မောင် ဆိုင်ကယ်ကို ခိုးသွားတယ်။ ရဲစခန်းကို ဖုန်းဆက်ပြောတယ်။ ချက်ချင်း လိုက်ရှာတယ်။ နာရီပိုင်းအတွင်း ခိုးသွားတဲ့ ဆိုင်ကယ် ပြန်ရတယ်”လို့ ပြောပါတယ်။

ဒုရဲအုပ်အောင်ကိုဝင်းက “တညလုံး လိုက်ရှာရတယ်။ လိန်ပင်ရွာတောင်ဘက် ရေတားဘောင်ပေါ်မှာ ဖမ်းမိတယ်။ ထနောင်းကုန်းရွာ နေတဲ့ စိုးသူကို ခိုးစီးသွားတဲ့ ဆိုင်ကယ်နဲ့အတူ ဖမ်းမိတယ်။ ဆက်စပ်မှုကွင်းဆက် စုံစမ်းစစ်ဆေးနေတယ်”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မ ရဲစခန်းက အမှု့အမှတ်(ပ)၁၅၉/၂၀၁၇ နဲ့ ဆိုင်ကယ်ခိုးမှု ရာဇသတ်ကြီးပုဒ်မ ၃၈၀(ဆ)ဖြင့် ဆိုင်ကယ် ခိုးယူသူ စိုးသူကို အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း-(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013