DVB Logo
Home
Lead Story
အန်အယ်လ်ဒီအစိုးရနှင့် တပ်မတော်ဆက်ဆံရေး - အယ်ဒီတာစကားဝိုင်း
DVB
·
July 24, 2017
အန်အယ်လ်ဒီအစိုးရနှင့် တပ်မတော်ဆက်ဆံရေး - အယ်ဒီတာစကားဝိုင်း
Donate to DVB



ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ အရက်ဘက် စစ်ဘက် ဆက်ဆံရေးလို့ ပြောတဲ့ အန်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်ဆက်ဆံရေး ကဏ္ဍပါ။ လွန်ခဲ့တဲ့ တနှစ်လောက်က အန်အယ်လ်ဒီအစိုးရ တက်လာတုန်းကတော့ ဒီလို ဆက်ဆံရေး ပြေလည်ပါ့မလားဆိုပြီး စိုးရိမ်ခဲ့တယ်။ တနှစ်ကျော်လာတဲ့အချိန်မှာတော့ စိုးရိမ်မှုတွေ ပျောက်လာတယ်။ မကြာခင်ကဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီးတော့ လူတွေ ပြန်ပြီးတော့ စိုးရိမ်မှုက တခေါက် ပြန်စိတ်ဝင်စားလာပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ ယခင် သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ ဦးတင်မောင်သန်းနဲ့ နိုင်ငံရေးဆောင်းပါးရှင် ဦးအောင်သူငြိမ်းတို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာရေ… လောလာဆယ်တော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ လူတွေ တော်တော်များများက တနှစ်လောက် စစချင်းတော့ စိုးရိမ်တယ်ပေါ့။ နောက်ပိုင်းတော့ တော်တော်ပြေပြေလည်လည် ရှိလာတယ်။ တပ်မတော်ဘက်က၊ အထူးသဖြင့် ပင်လုံနဲ့ ပတ်သက်လို့ လိုက်လျောမှုတွေ ရှိသလို၊ ဒီလို အန်အယ်လ်ဒီအစိုးရကလည်း ရင်ကြားစေ့ရေးဆိုတာနဲ့ ပါအောင်လုပ်ဖို့ ဆွဲခေါ်လာနိုင်ခဲ့တယ်။ ဒါပေမယ့် မကြာခင်ကတော့ တပ်မတော်နဲ့ပတ်သက်တဲ့၊ Protocol နဲ့ပတ်သက်တဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီးတော့ တော်တော်လေးကို အငြင်းပွားဖွယ်၊ လူတွေ စိတ်ဝင်စားဖွယ်၊ နောက်တခုက ပိုပြီးတော့ စိုးရိမ်စရာ ပြန်စောင့်ကြည့်ရတဲ့ အခြေအနေ ပြန်ဖြစ်လာကြတယ်။ ဆရာ့အနေနဲ့လည်း အရင်တုန်းက နိုင်ငံရေးမှာ တပ်မတော်မှ စွန့်ခွာခြင်းတို့၊ အဲဒီလို အခြေအနေတွေ ရှိသေးလား။ လက်ရှိအအခြေအနေ၊ အထူးသဖြင့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး အခြေအနေ ဘယ်အခြေအနေမှာ ရှိနေလဲ။ ရင်ကြားစေ့ရေးကိုရော ဘယ်လောက် နီးကပ်နေပြီလဲ။ အဲဒါနဲ့စပြီး ဆွေးနွေးပေးပါ ဆရာ။”

ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင် သင့်ဘဝမဂ္ဂဇင်း)

“ပထမတခုကတော့ မြန်မာပြည်လို စစ်တပ်အုပ်ချုပ်ရေးအောက်မှာ အကြာကြီး နေခဲ့ရတယ်။ အရှင်းပြတ်ဝါဒကို ကြိုက်တယ်။ Radical ဖြစ်တယ်။ ပြည်တွင်းစစ် နှစ်ပေါင်း ၅၀၊ ၆၀ လောက်မှာရှိနေတဲ့ နိုင်ငံရေးဓလေ့နဲ့ နိုင်ငံရေးစနစ်တွေ အတွင်းထဲမှာပေါ့၊ ဆိုတော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို ပြန်လည်ပြီးတော့ နွေးထွေးအောင်လုပ်ဖို့ ပိုပြီးတော့ စနစ်ကျတဲ့ အကူးအပြောင်းတခုကို သွားဖို့ဆိုတာက အတက်အကျခရီးတွေ ရှိတယ်။ ဒါကတော့ သဘာဝပဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျေန်ာတို့ ပေးထားချက်က သိပ်ချောမွေ့နိုင်တဲ့ ပေးထားချက်မျိုးတော့ မဟုတ်ဘူး။ ဆိုတော့ ကြည့်လိုက်ရင် အဲဒီလို အကျတွေဖြစ်လာတဲ့ စိတ်ဝမ်းကွဲပြားမှုတွေ၊ သဘောမတူညီမှုတွေ၊ ဒါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ဖြစ်လာမယ်ဆိုရင် ယုံကြည်မှုတွေကလည်း ပြန်ကျသွားတာနဲ့အတူ အဓိပ္ပာယ်ကောက်မှုတွေက မူလ ပဋိပက္ခအတွင်းထဲမှာရှိတဲ့ အဓိပ္ပာယ် ကောက်မှုမျိုးတွေနဲ့ ပြန်ပြီး အဓိပ္ပာယ်ကောက်လေ့ရှိတယ်။ ကောက်ချက်တွေကလည်း အဲလို ရောက်သွားတဲ့အတွက် ဒါက ကျနော်တို့လို နိုင်ငံမျိုး အနေနဲ့ မရှောင်မလွဲသာ ကြုံတွေ့ရမယ့် အခြေအနေတခုလို့ပဲ ကျနော်ကတော့ သုံးသပ်ပါတယ်။ အဲတော့ ဒီလိုဖြစ်တဲ့အတွက်ကြောင့်လည်း အကျဘက်ကို နည်းနည်း ပြန်ဆင်းတယ်ဆိုတဲ့အတွက်ကြောင့်လည်း ကျနော်တို့က သိပ်ပြီး စိတ်ဓာတ်ကျနေဖို့ မလိုဘူး။ တခါ ကောင်းနေလို့ရှိရင် အတက်ဘက် ဖြစ်နေလို့ရှိရင်လည်း သိပ်ပြီး စိတ်အားတက်ဖို့လည် မသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပေးထားချက် အခြေအနေထဲကိုက အခက်အခဲတွေရှိမယ်၊ အတက်အကျတွေရှိမယ်၊ အကွာအဝေးတွေ အနီးတွေရှိမယ်၊ ဒီလိုခရီးမျိုးကို သွားရမှာဆိုတာ မြင်ထားလို့ရှိရင် ဒါက အဲဒီခရီးရဲ့ အစိတ်အပိုင်းတခုလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ကြုံသင့်ကြုံထိုက်တဲ့ ပေးထားချက် အချိန်မှာ ကြုံရတဲ့ကိစ္စပဲလို့ ထင်တယ်။

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013