DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့်​ အစိုး​ရအဖွဲ့​ကိုယ်စား​လှယ် မဲ​ဆောက်မြို့​တွင် ​တွေ့​ဆုံ
DVB
·
March 3, 2012
Donate to DVB

ကေအန်ယူ ကရင်အမျိုး​သား​အစည်း​အရုံး​က တာဝန်ရှိသူ​တွေနဲ့​ ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ​ခေါင်း​ဆောင်တဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ အဖွဲ့​တို့​ဟာ ထိုင်း​နိုင်ငံ၊​ မဲ​ဆောက်မြို့​မှာ မတ်လ ၂ ရက်က ​တွေ့​ဆုံခဲ့​ကြပြီး​၊​ အပစ်ရပ်​ရေး​ အပြီး​သတ် လက်မှတ်​ရေး​ထိုး​နိုင်ဖို့​ အကြိုညှိနှိုင်း​ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

အဓိကအား​ဖြင့်​တော့​ ​ကေအန်ယူတပ်​တွေနဲ့​ ထိစပ်​နေတဲ့​ အစိုး​ရတပ်​တွေကြား​ အ​နေအထား​ကို ​ဆွေး​နွေး​ကြတာလို့​ ငြိမ်း​ချမ်း​ရေး​ အကျိုး​ဆောင် တဦး​ဖြစ်တဲ့​ ကိုညိုအုန်း​မြင့်​က ​ပြောပါတယ်။ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ဖို့​ကို လာမယ့်​ဧပြီလ ပထမပတ်ထဲ ပြုလုပ်သွား​ဖို့​ ရှိတယ်လို့​ သိရပါတယ်။

အဲ့​ဒီလို ​ဆွေး​နွေး​ကြတဲ့​အခါ ထာဝရငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်နိုင်မယ့်​ အ​နေအထား​ရှိလား​လို့​ ကိုညိုအုန်း​မြင့်​ကို ​မေး​ကြည့်​တော့

“ဧပြီလဆန်း​မှာ ​ဆွေး​နွေး​မှာက ပြည်​ထောင့်​စုအဆင့်​လို့​ ကျ​နော်နား​လည်ပါတယ်။ အဲဒီ ပြည်​ထောင်စုအဆင့်​မှာ​တော့​ နိုင်ငံ​ရေး​ အပါအဝင် စစ်​ရေး​၊​ တပ်​တွေခွဲခြား​ရေး​၊​ ​ဒေသတွင်း​တည်ငြိမ်း​ရေး​ကို နှစ်ဖက်စလုံး​ ​ဆောင်ရွက်မယ် ဆိုတဲ့​အချက်ကို အဓိက ​ဆွေး​နွေး​မယ်လို့​ ကျ​နော်ယုံကြည်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ​ကေအန်ယူနဲ့​ အစိုး​ရကြား​မှာ ဖြစ်ပွား​နေတဲ့​ ပြည်တွင်း​စစ် ပဋိပက္ခက နှစ် ၆၀ ​ကျော်ပါပြီ။ အဲဒီအတွက် ဒီကိစ္စက​တော့​ ​နေ့​ချင်း​ညချင်း​တော့​ ပြီး​ပြတ်မယ်လို့​တော့​ ကျ​နော် မထင်ပါဘူး​။ အဲဒီအတွက် တဖက်နဲ့​ တဖက် ယုံကြည်မှု တည်​ဆောက်ပြီး​တဲ့​အခါမှာ အပြန်အလှန် ကူး​လူး​ပြီး​ ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်ဖို့​က​တော့​ အလား​အလာ ရှိတယ်လို့​ ကျ​နော် ထင်ပါတယ်ခင်ဗျ။”

မတ်လ ၂ ရက်က ​ဆွေး​နွေး​ပွဲမှာ ​ကေအန်ယူဘက်က အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​နော်စီဖိုး​ရာစိန်နဲ့​ ၅ ဦး​၊​ ဦး​အောင်မင်း​နဲ့​အတူ အဖွဲ့​ဝင် ၃ ဦး​တို့​ ပါဝင်​ဆွေး​နွေး​ခဲ့​ကြပြီး​၊​ ​ကေအန်ယူနဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​တို့​ဟာ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလထဲ ကရင်ပြည်နယ် ဘား​အံမြို့​မှာ ပဏာမ ​ဆွေး​နွေး​ခဲ့​ကြပါ​သေး​တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013