DVB Logo
Home
မြန်မာသတင်း

ကညွတ်ကွင်းမြို့မှ အမှိုက်ပုံကြီးများအား စုပေါင်းရှင်းလင်း

DVB
·
July 24, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့ပေါ်မှာ ရှိနေတဲ့ အမှိုက်ပုံတွေကို စက်အင်အား အသုံးပြုပြီး ဇူလိုင် ၂၃ ရက်နေ့က စတင်ရှင်လင်းနေတယ်လို့ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဒီအမှိုက်ပုံတွေက နှစ်ရှည်လများ ပုံထားတဲ့ဟာတွေပါ။ ဒါတွေကို မြို့နယ်စည်ပင်ရယ်၊ မြို့နယ်စည်ပင်သာယာကော်မတီကရယ်၊ မြို့လူထုရယ် ပေါင်းပြီး ရှင်းလင်းနေတာပါ။ မြို့ရွာသာယာရေးကို ကျနော်တို့ စည်ပင်ကော်မတီဝင်တွေက ဆောင်ရွက်ရမယ်လေ။ ဒါကတော့ ကျနော်တို့ကို ရွေးချယ်ပြီးနောက်ပိုင်း စလုပ်တာပါ”လို့ မြို့နယ်စည်ပင်ကော်မတီဝင် ဦးလှမောင်က ဒီဗွီဘီကို ပြောပါတယ်။

ကညွတ်ကွင်းမြို့ပေါ်နဲ့ ကညွတ်ကွင်းဈေးအတွင်းမှာရှိတဲ့ နှစ်ရှည်လများ စုပုံထားတဲ့ အမှိုက်ပုံတွေကို ရှင်းလင်းနေတာပါ။

အဲဒီအမှိုက်ပုံတွေက အနံ့ဆိုးတွေ အမြဲထွက်နေပြီး မြို့သာယာလှပရေးကိုလည်း ထိခိုက်နေပါတယ်။

အခုလို ရှင်းလင်းပေးမှုအပေါ် ကညွတ်ကွင်းမြို့နေ ဒေါ်မြမျိုးခိုင်က “ဒီအမှိုက်ပုံတွေက ကြာပြီလေ။ မြို့ပေါ် နေရာတော်တော်များများမှာ ရှိတယ်။ ဈေးထဲက အမှိုက်ပုံဆို တော်တော်ဆိုးတယ်။ အမှိုက်ပုံဘေးက ဖြတ်သွားသူတွေဆို အနံ့ဆိုးတွေ ထွက်နေတော့ မူးတောင် မူးတယ်။ အခုလို လုပ်ပေးတော့ ကျေးဇူးတင်တာပေါ့နော်။ လုပ်သင့်တာ ကြာနေပါပြီ”လို့ ပြောပါတယ်။

ကညွတ်ကွင်းမြို့ရဲ့ အဓိကနေရာ တော်တော်များများမှာ အမှိုက်ပုံကြီးတွေ ရှိနေပြီး အမှိုက်တွေကို စည်ပင်က သိမ်းဆည်းပေမယ့် ဝန်ထမ်းအင်အား မလုံလောက်မှုနဲ့ စက်အင်အား မပြည့်စုံမှုတွေကြောင့် အမှိုက်တွေ စုပုံလာတာပါ။

ကညွတ်ကွင်းမြို့မှာ နေ့စဉ် အမှိုက် ၆ တန်လောက်ထွက်ရှိနေပြီး စည်ပင်သာယာက နေ့စဉ် သိမ်းဆည်းနိုင်မှုဟာ ၂ ဒသမ  ၅ တန်သာ သိမ်းဆည်းနိုင်တယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013