DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တွေ့ဆုံ
DVB
·
July 24, 2017
ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တွေ့ဆုံ
1 / 3
Donate to DVB

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရအဖွဲ့ဝန်ကြီး တချို့နဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ)တို့  ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဖိတ်ကြားချက်အရ အခုလိုတွေ့ဆုံတာဖြစ်ပြီး ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ပြည်တွင်းဒုက္ခသည်တွေအရေးကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောပါတယ်။

“အဓိက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ယုံကြည်မှုကိုတည်ဆောက်ဖို့ရန်အတွက်တော့ ပထမဦး စွာကျနော်တို့ အခြေခံလူထုတွေရဲ့ ကြောက်စိတ်တွေ၊ သံသယစိတ်တွေကင်းသွားအောင် ထိုးစစ်ကိုတော့ အမြန်ဆုံး ရပ်လိုက်ရင်တော့  ယုံကြည်မှုတော့ တည်ဆောက်နိုင်မယ်ဆိုတာ ယုံကြည်တဲ့အကြောင်း တင်ပြတယ်။ နောက် အိုင်ဒီပီကိစ္စတွေမှာလည်း ပြန်လည်နေရာ ချထားရေးနဲ့ ကျောင်းသားအရေးတွေ နောက်ပြီးကျန်းမာရေးကိစ္စတွေ၊ လူမှု အထောက်အကူပြု ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ကိစ္စတွေ၊ အဲဒါတွေ ဆွေးနွေးဖြစ်ပါတယ်။ သူတို့လည်း ကျနော်တို့ အခြေခံမှာဘာတွေဖြစ်နေလဲဆိုတာ သိသွားကြတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိငြိမ်းချမ်းရေးဟာအရေးကြီးကြောင်းနဲ့ အစိုးရက ကြိုးပမ်းဆောင်ရွက်နေတဲ့အကြောင်းတွေကို ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

“သူကတော့ အဓိက ဒီငြိမ်းချမ်းရေးဟာ အလိုအပ်ဆုံးဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့၊ ပြီးရင်သူတို့ အစိုးရအနေနဲ့လည်း အခုတော်တော်ညှိယူရဦးမယ်ဆိုတဲ့အကြောင်း၊ သူတို့ဘက်က လည်း အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားရင်းနဲ့ ငြိမ်းချမ်းရေးကို ပိုမိုပီပြင်အောင် လုပ်သွားမယ် ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။”

ဒါ့အပြင်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အန်စီအေမှာပါဝင်နိုင်ရေးအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပေမယ့် တဖက်နဲ့တဖက်ကြား ယုံကြည်မှုတည်ဆောက်ဖို့ အချိန်တော်ယူရဦးမှာဖြစ်သလို တပ်မတော်ရဲ့ အခန်းကဏ္ဍကလည်း အတော်ကို အရေးကြီးကြောင်းလည်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာပါဝင်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်နေရာချထားရေး ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း လက်ရှိ အိုင်ဒီပီ အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ငြိမ်းချမ်းရေးမှာ လူမှုရေးရာ ကဏ္ဍက အရေးကြီးတယ်ပေါ့နော်။ လူမှုရေးနဲ့ပတ်သက်ပြီးတော့ ဒီလိုမျိုး ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ပေးလို့ရှိရင် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမယ်ပေါ့။ ဒါကြောင့်မို့  ကျနော်တို့က လူမှုရေးနဲ့ပတ်သက်ပြီးတော့ စခန်းတွေမှာ လည်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်နေတယ်။ အဲဒီမှာ ကျနော်တို့ ထောက်ပံ့တာတွေမကဘဲနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်ပေါက်အောင် အသက်မွေး ၀မ်းကျောင်း ပညာရပ်တွေလည်း သင်ပေးနေတယ်။ နောက်တခါ ဒေသ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ပြန်လည်နေရာချထားရေးကိစ္စဆိုရင်လည်း ပိုပြီးတော့ ဖွံ့ဖြိုးတိုး တက်အောင် လုပ်လို့ရရင်ပိုကောင်းတယ်။ အဲဒီနေရာမှာအဆင်မပြေဘူး အခြားနေရာ ပြောင်းရ မယ်ဆိုရင်ကော ဘယ်လိုနေမလဲ ဒါတွေ ကျနော်တို့က အမှန်မှာ ထူထောင်ရေးနဲ့ ပတ်သက်ရင်တော့ လေ့လာဖို့ အများကြီးလိုအပ်သေးတယ်ပေါ့။ ဒါတွေဆွေးနွေးတာဖြစ်ပါတယ်။”

ဒီတွေ့ဆုံပွဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ သမ္မတရုံး ဒုဝန်ကြီး ဦးမင်းသူနဲ့ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ လည်း ပါဝင်ဆွေးနွေးခဲ့ကြပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ဘက်က ကိုယ်စားလှယ် ၁၂ ဦးပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

ကချင်ဒေသမှာဖြစ်ပွားနေတဲ့ကိစ္စရပ်တွေမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုကို (ကေဘီစီ) အနေနဲ့ ဦးဆောင်နိုင်တယ်လို့ ယုံကြည်သလို ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ကေဘီစီဟာ အရေးပါတဲ့အတွက် အခုလို ခေါ်ယူတွေ့ဆုံတာဖြစ်ကြောင်းလည်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။

ဓာတ်ပုံ - KBC

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013