DVB Logo
Home
မြန်မာသတင်း
ဘုံသဘောတူညီသည့် ရှမ်းနီစာပေ ထွက်ပေါ်ရေး ဆွေးနွေး
DVB
·
July 24, 2017
ဘုံသဘောတူညီသည့် ရှမ်းနီစာပေ ထွက်ပေါ်ရေး ဆွေးနွေး
1 / 4
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ် ဘီဆောင်မှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်န ယ်တို့က ရှမ်းနီတိုင်းရင်းသားစုစည်းကာ ဘုံသဘောတူညီတဲ့ ရှမ်းနီစာပေပေါ်ထွက်ရေးအတွက် ရှမ်းနီစာပေညီလာခံကို ဇူလိုင် ၂၄ ရက်ကနေ ၂၅ ရက်အထိ ကျင်းပနေပါတယ်။

ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်းထောင်းထန်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမတွေ၊ ရှမ်းနီတိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ လူမှုရေးဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပါမောက္ခချုပ်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ရှမ်းနီအမျိုးသားညီလာခံကို အရင်ကလည်း မုံရွာတက္ကသိုလ်မှာပဲ တစ်ကြိမ်ပြုလုပ်ခဲ့ပေးမယ့် မှတ်တမ်းတင်တာမရှိခဲ့ဘူး။

ရှမ်းနီးအမျိုးသားစာပေညီလာခံ ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး စိုင်းဆေခမ်းဖက "ခုက ကျနော်တို့ လက်ထက်မှာ ဒုတိယအကြိမ်ပေါ့။ ဒီညီလာခံကို ကျောင်းသားတွေ ဦးစီးလုပ်ဆောင်တာပါ။ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်။ ဒီပွဲလေးဖြစ်ဖို့ ၂ လလောက် နယ်လှည့်ကွင်းဆင်းပြီး စည်းရုံးလှုံ့ဆော်ခဲ့ရတယ်။ ကျနော်တို့ ရှမ်းနီမျိုးဆက်သစ်တွေအနေနဲ့ ကွဲပြားနေတဲ့ ရှမ်းနီစာကို မလိုချင်တော့ဘူး၊ ဘုံသဘောတူညီတဲ့ စာပေတခုတည်းသာ လိုချင်တော့တာကြောင့် ဒီပွဲကိုလုပ်ရတာပါ"လို့ ဒီဗွီဘီကိုပြောပါတယ်။

“ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေနဲ့လည်း စစ်ကိုင်းတိုင်းအတွင်းက ရှမ်းတိုင်းရင်းသားတွေအတွက် မုံရွာမြို့၊ ရုံးကြီးလမ်းမှာ ရှမ်းတိုင်းရင်းသားရေးရာ ညွှန်ကြားမှုဦးစီးဌာနကို ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ သက်တမ်း ၁ နှစ်ကျော်ကာလအတွင်းမှာ ရှမ်းတိုင်းရင်းသား အများစုရှိရာ ဟုမ္မလင်းမြို့နယ်အတွင်း စာသင်ကျောင်းပေါင်း ၂၄၈ ကျောင်းမှာ ရှမ်းတိုင်းရင်းသားစာပေကို သင်ကြားနိုင်ခဲ့တယ်။ အခုနှစ်မှာလည်း ရှမ်းတိုင်းရင်းသားအများစုရှိတဲ့ ခန္တီး၊ ပင်လည်ဘူး၊ ဗန်းမောက်၊ တမူး၊ ဖောင်းပြင် စတဲ့မြို့နယ်တွေမှာလည်း မိခင်စာပေ သင်ကြားနိုင်ရေး ဆောင်ရွက်ထားတယ်။ နောက်ပြီး တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး နည်းဥပဒေကြမ်းရေးဆွဲရေးမှာလည်း ပါဝင်ဆောင်ရွက်နေပါတယ်" လို့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က ဒီဗွီဘီကိုပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲစာရင်းအရ စစ်ကိုင်းတိုင်းအတွင်းမှာ ရှမ်းနီလူဦးရေ ၂ သိန်းရှိတယ်လို့ ဖော်ပြထားပေမယ့် တကယ်တမ်းမှာ ဒီထက်မကများတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ စုစုပေါင်းရှမ်းလူမျိုး ၁ သန်းကျော်ရှိပြီး အတိအကျရရှိနိုင် စာရင်းကောက်ယူတာတွေလည်း လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

အခုကျင်းပတဲ့ ညီလာခံမှာတော့ ဗျည်း၊ သရ၊ အသံ၊ ဗျည်းတွဲ စတာတွေကို ဆွေးနွေးမှာဖြစ်ပြီး ရရှိလာတဲ့အချက်အလက်တွေကို ရှမ်းနီစာပေယဉ်ကျေးမှု ဗဟိုကော်မတီကို တင်ပြသွားမယ်လို့ ဆိုပါတယ်။ ဒီညီလာခံမှာ ရှမ်းနီလူမျိုးစု လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တွေပါ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013