ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတဲ့အတွက် ဇူလိုင် ၂၄ ရက်နေ့က ကျောင်း ၈ ကျောင်းကို အရေးပေါ်ပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူးက ပြောပါတယ်။
မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းနုက “မိုးသည်းထန်စွာရွာသွန်းပြီး ရေတက်လာတာကြောင့် အနိမ့်ပိုင်းမှာရှိတဲ့ ညောင်လေးပင်မြို့ ထ (၂) ကျောင်း၊ မူလွန်ထူပါရိပ်ငြိမ်ကျောင်း၊ ABM မူလွန်ကျောင်း၊ ရေဖြူကန်လ (ခွဲ)ကျောင်း၊ ပြွန်တန်ဆာမြို့ မူလွန်စိုင်ကွကျောင်း၊ ပိန်းဇလုပ် လ(ခွဲ)ကျောင်း၊ ရွှေပေါက္ကံ လ(ခွဲ) ကျောင်း၊ မဒေါက်မ (ခွဲ) ဥတိုကျောင်းတို့ ပိတ်ထားလိုက်တယ်။ ကျန်တဲ့ကျောင်းစားရင်းတွေကတော့ ထက်တက်လာသေးဘူး” လို့ ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မြို့ပေါ်ရှိ ရပ်ကွက်တချို့မှာ ရေနစ်မြုပ်တာတွေရှိနေပြီး ပရဟိတအဖွဲ့နဲ့ အလှူရှင်တချို့က ကူညီထောက်ပံ့ ပေးနေရတယ်လို့လည်း သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်










