DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့တွင် ရေပြန်ကျပြီးနောက် ကမ်းပါးပြိုနေ
DVB
·
July 24, 2017
ရေစကြိုမြို့တွင် ရေပြန်ကျပြီးနောက် ကမ်းပါးပြိုနေ
Donate to DVB

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငမြာလေးရွာမှာ ရေပြန်ကျပြီးနောက်ပိုင်း ကမ်းပါးပြိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရေကျတာကတော့ ၆ ရက်လောက်ရှိပြီ။ ကမ်းက ဒီနေ့မနက်မှာ ပြိုတာ။ ရွာဘက်ကို ပေ ၃၀ လောက်၊ အလျား ပေ ၂၀၀ လောက်ပြိုသွားပြီ” လို့ ဒေသခံ ကိုအောင်မျိုးခိုင်က ပြောပါတယ်။

ပြိုကျတဲ့နေရာတွေဟာ စိုက်ခင်းနေရာတွေဖြစ်ပြီး မနှစ်ကလည်း ပေ ၃၀၀ လောက်ပြိုကျခဲ့ တာကြောင့် ရွာနဲ့ကမ်းပါး ပေ တစ်ထောင်လောက်ပဲ ဝေးတော့တယ်လို့ သူက ဆက်ပြောပါတယ်။

ရေစကြိုမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဟန်က ဗလဘ၊ ဇရပ်နီ၊ နတ်ညွှန်း၊ မဲနီကျွန်း စတဲ့ ၆ ရွာဟာ ရေကျပြီးရင် ကမ်းပါးပြိုတဲ့ အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

ဗလဘရွာဒေသခံ ဦးနုတင်က “ရေက ကမ်းပါးနဲ့ တစ်ထွာလောက်မှာ ရှိသေးတယ်။ ၁ တောင့်ထွာ၊ ၂ တောင်လောက်ဆိုမှ ကမ်းက ပြိုတာ။ မနှစ်က ရွာဘက်ကို ကိုက် ၃၀၀ လောက်ပြိုတယ်” လို့ ပြောပါတယ်။

ရေကျပြီးတဲ့နောက်ပိုင်း စားသောက်နေထိုင်ရေးကတော့ သိပ် အခက်အခဲမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်က ရေကြီးခဲ့တာကြောင့် ရေစကြိုမြို့နယ်မှာ လူပေါင်း ၁၃၀၀၀ ကျော် ရွှေ့ပြောင်း ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013