DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်၊ ၅ ဦး ဒဏ်ရာရ
DVB
·
July 24, 2017
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ မနေ့က ခွေးဘီးလူးကား တိမ်းမှောက်ခဲ့တဲ့အတွက် ၅ ဦး ဒဏ်ရာရတယ်လို့ သီးကုန်းအမြန်လမ်း ရဲစခန်းက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၇၉/၃ နဲ့ ၄ အကြား ဇူလိုင် ၂၃ ရက် နေ့လယ် ၁ နာရီလောက်က နေပြည်တော်ကနေ မန္တလေးသို့ မောင်းလာတဲ့ နီဆန်းခွေးဘီးလူးကား အရှိန်လွန် တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါသူ ၉ ဦးအနက် ၅ ဦး ဒဏ်ရာရသွားခဲ့တာပါ။

စခန်မှူးရဲအုပ်သန်းထွန်းက "သတင်းရရချင်း တပ်ဖွဲ့ဝင် ၁၆ ဦး မီးသတ်တပ်ဖွဲ့ ကျန်းမာရေးမှူးတို့ နဲ့အတူသွားခဲ့တယ်။ ဒေါ်သန်းမြ နဖူးပေါက်တယ်။ ဒူးနဲ့ပေါင် ရင်ဘတ်တွေ ပွန်းပဲ့သွားတယ်။ ဒေါ်စန်းစန်းအေး ပါးနှစ်ဘက်ဖူးရောင် ညိုမဲတယ်။ ဝဲလက်မောင်းနဲ့ဒူး ပွန်းပဲ့တယ်။ ဒေါ်ခင်အုန်းမြင့် ခါးနာသွားတယ်။ ဒေါ်ခင်အေးမြင့် လက်မောင်းနာသွားတယ်။ မအိအိအောင် ဒူးတွေပွန်းပြီး ယာလက်ဖျန်ရောင်တယ် မိတ္ထီလာဆေးရုံ ပို့ပေးရတယ်။ ယာဉ်မောင်းဦးသန်းထွန်း အပါ ၄ ဦးကတော့ ဒဏ်ရာမရကြဖူး"လို့ ပြောပါတယ်။

သီးကုန်အမြန်လမ်း ရဲစခန်းမှာ ယာဉ်မောင်း ဦးသန်းထွန်းကို အမှုအမှတ် ယာဉ် (ပ)၂၄/၂၀၁၇နဲ့ ယာဉ်မဆင်မခြင်ပေါ့ဆစွာ မောင်းလို့ သာမာန်/ပြင်းထန် ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့်အမှုဖွင့်ထား တယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013