DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့ ဧရာဝတီ​သွေးလှူရှင်​အသင်း ၁၀ ကြိမ်​​မြောက်​ ​သွေးလှူဒါန်းပွဲ ပြုလုပ်
DVB
·
July 24, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ ဧရာဝတီသွေးလှူရှင်အသင်းရဲ့ ၁၀ ကြိမ်မြောက် သွေးလှူဒါန်းပွဲကို မြင်းခြံမြို့ရှိ မဏိကဉ္စနာခန်းမမှာ ဇူလိုင် ၂၃ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

သွေးလှူဒါန်းပွဲကို မြင်းခြံမြို့နယ်ရှိ ကျေးရွာအများစုက လာရောက်လှူဒါန်းကြတာဖြစ်ပြီး သွေးလှူရှင်တွေ လှူဒါန်းထားတဲ့ သွေးတွေကို မန္တလေးမြို့ ကုတင် ၁၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးရှိ ဗဟိုအမျိုးသားသွေးလှူဘဏ်ကို ပေးအပ်လှူဒါန်းတာလည်း ဖြစ်ပါတယ်။

သွေး ၁၂ ကြိမ်မြောက် လှူဒါန်းခဲ့သူ ညောင်ကန်ကျေးရွာမှ ကိုအောင်ငွေက “ကျနော့်သွေးနဲ့ လူ့အသက်တချောင်း ကယ်တင်ချင်လို့။ ပြီးတော့ သွေးလှူရတာဟာ အင်မတန်မွန်မြတ်တယ်လို့ ယူဆလို့ ခုလို သွေးလှူဒါန်းရတာပါ”လို့ ပြောပါတယ်။

ငွေကြေးမတတ်နိုင်တဲ့ လူနာတွေကို ၂၀၀၀၀ ကျပ်နှုန်းနဲ့ ငွေကြေးအကူညီပေးသလို အသင်းပိုင်ကားနဲ့ အခမယ့် ပို့ဆောင်ပေးတာတွေ လုပ်ပေးတယ်လို့ ဆိုပါတယ်။

ဧရာဝတီသွေးလှူရှင်အသင်းကို လစဉ်ငွေလှူဒါန်းသူ ဦးရေ ၇၀၀ ရှိပြီး မြင်းခြံမြို့ပေါ်ရှိ လစဉ် သွေးအလှူရှင် ဦးရေ ၁၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

သွေးလှူဒါန်းပွဲကို မြင်းခြံမြို့နယ်မှ ကျေးရွာပေါင်း ၁၂ ရွာက သွေးလှူရှင်ပေါင်း ၆၇၀ လာရောက် သွေးလှူဒါန်းကြပြီး သွေးဖောက်လို့ ရရှိသူ ဦးရေ ၄၄၅ ဦးသာ သွေးလှူဒါန်းခွင့်ရရှိပြီး ကျန်တဲ့ ၂၂၅ ဦးက သွေးပေါင်မပြည့်တာ၊ ပေါင်ချိန်မပြည့်တာတွေကြောင့် လှူဒါန်းခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။

မြင်းခြံမြို့ရှိ ဧရာဝတီသွေးလှူရှင်အသင်းဟာ ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အသင်းသား ၂၉ ဦးနဲ့ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။

အသင်းဖွဲ့စည်းချိန်ကနေ အခု ၁၀ ကြိမ်မြောက် သွေးလှူဒါန်းပွဲအထိ မြင်းခြံဆေးရုံမှာ သွေးပုလင်း ၁၂၀၀၀ ကျော် နဲ့ ဗဟိုအမျိုးသားသွေးလှူဘဏ်ကို သွေးအိတ်ပေါင်း ၃၁၄၅ အိတ် လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ ဧရာဝတီသွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးနီက ပြောပါတယ်။

သတင်း - ရီရီထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013