DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းဒေသကြီးတွင် ကားလမ်းများ ရေကျော်မှုဖြစ်၊ ခရီးသွားပြည်သူများ အခက်ကြုံ (ရုပ်သံ)
DVB
·
July 24, 2017
Donate to DVB


 

မကွေးတိုင်းဒေသကြီးထဲမှာ ဇူလိုင် ၂၂ ရက်နေ့ညကနေ အခုအချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ကားလမ်းတွေ ရေကျော်ကာ ခရီးသွားပြည်သူ အများအပြား အခက်အခဲ ဖြစ်နေပါတယ်။

သရက်မြို့နယ်၊ သရက်မြင့်ကျေးရွာ သရက်-မင်းလှ ကားလမ်း တဇီးချောင်းရေ အဆမတန် ထိုးကျလာတဲ့အတွက် သွားလာရေး ရပ်တန့်ထားရတယ်လို့ ဘော်စခန်းမှူး ရဲအုပ်မောင်မောင်တိုးက ဒီဗွီဘီကို ပြောပါတယ်။

ရေကြီးမှုကြောင့် ခရီးသွားပြည်သူတွေ အခက်ခဲကြံနေရပုံကိုလည်း ရဲအုပ်က အခုလို ပြောပါတယ်။

“လုံးတော်ကျေးရွာမှ မွေးလူနာတဦး တင်ဆောင်လာတဲ့ မော်တော်ယာဉ်ဟာ သရက်ဆေးရုံကို သွားရောက်ဖို့ အခက်တွေ့နေတဲ့အတွက် ရဲတပ်ဖွဲဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ကားကို ကြိုးနဲ့ဆွဲကူးပေးခဲ့ရတယ်။ အဲဒီချောင်းမှာ ၂၀၁၄ ခုနှစ်က ရဲအရာရှိတဦး ရေနစ်သေဆုံးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ သိပ်မဆင်းရဲလို့ ကိုယ်တိုင် ဦးဆောင်ကူညီခဲ့ရတယ်။”

မင်းလှ-ရေနံမ-ကန်တုတ် လမ်းပိုင်းမှာလည်း ထန်းကိုင်းချောင်း၊ လှယ်လှချောင်းနဲ့ ကံမမြို့နယ် ပြည်-ကံမလမ်းပိုင်တွေမှာလည်း တောင်ကျချောင်းရေတွေ စီးကျကာ ကားလမ်း ရေကျော်နေတဲ့အပြင် မကွေးတိုင်းဒေသကြီးထဲမှာ ရှိတဲ့ နေရာ တော်တော်များများမှာ ကားလမ်း ရေကျော်ပြီး ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတဲ့အတွက် သွားလာရေး ခက်ခဲနေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013