DVB Logo
Home
မြန်မာသတင်း
စင်ကာပူက ဒူးရင်းသီးပိုက် ပြေးပြိုင်ပွဲ (ရုပ်သံ)
DVB
·
July 23, 2017
စင်ကာပူက ဒူးရင်းသီးပိုက် ပြေးပြိုင်ပွဲ (ရုပ်သံ)
Donate to DVB

စင်ကာပူ နိုင်ငံသား အယောက် ၅၀၀ လောက်ဟာ တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ ပရဟိတ ပြေးပွဲအတွင်း ပန်းတိုင်ရောက်တဲ့အထိ ဒူးရင်းသီးတွေကို ကိုင်ရင်း ပြေးခဲ့ကြပါတယ်။

ငါးကီလိုမီတာ ဝေးတဲ့ ပြေးလမ်းကြောင်း တလျှောက် တချို့က ဒူးရင်းသီးကို လက်အိတ်စွပ် ကိုင်ရင်း ပြေးခဲ့တာပါ။

တချို့က ကျောပိုးအိတ်ထဲထည့်ပြီး ဖြစ်စေ တွန်းလှည်းထဲ ထည့်ပြီးဖြစ်စေ သယ်ပြေးခဲ့ကြပါတယ်။

ပြေးလမ်းကြောင်း အဆုံးမှာ သူတို့ သယ်ခဲ့တဲ့ ဒူးရင်းသီးကို စားကြပါတယ်။

ပွဲစီစဉ်သူတွေက ဒူးရင်းသီးကို ခွဲပေးဖို့ ဓားထက်ထက် တွေကို ကိုင်ထားကြ ပါတယ်။

ပြေးလမ်းအပြီး ရေဓာတ်ပြန်ဖြည့်ဖို့လည်း အုန်းရည်ကို သောက်ကြပါတယ်။

ဒီအပြေးပြိုင်ပွဲမှာ အနိုင်ရသူ မရှိပါဘူး ဝင်ပြေးတဲ့ လူတိုင်းကတော့ မလေးရှား နိုင်ငံမှာ အကြီးအကျယ် စိုက်ပျိုး ထုတ်လုပ်တဲ့ မောင်ရှန်းဝမ် ဒူးရင်းသီးကို ရဖို့ ကံစမ်းမဲ နှိုက်ခွင့် ရပါတယ်။

ဒူးရင်းသီးပိုက် အပြေးပြိုင်ပွဲ ဝင်ခွင့် လက်မှတ်ကို အမေရိကန် ဒေါ်လာ ၁၁ ဒေါ်လာနဲ့ ညီမျှတဲ့ စင်ကာပူဒေါ်လာ ၁၅ ဒေါ်လာ ပေးရပါတယ်။

ဒီပွဲက ရတဲ့ ငွေကို လူမှုဖူလုံရေး ရန်ပုံငွေ အဖြစ် လှူဒါန်းမှာပါ။

ဒူးရင်းသီးကို ကြိုက်နှစ်သက် သူတွေက အနံ့ကို မွှေးတယ်လို့ ပြောကြပေမယ့် မကြိုက်တဲ့ သူတွေကတော့ ကြက်သွန်နီ အပုပ်နံ့လို့ ပြောလေ့ ရှိပါတယ်။

စင်ကာပူနိုင်ငံမှာ ဒူးရင်းသီးကို ဟိုတယ်တချို့နဲ့ ပြည်သူပိုင် သယ်ယူပို့ဆောင်ရေး ကွန်ယက် အတွင်း မသယ်ဖို့ တားမြစ် ပိတ်ပင် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013