DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း ရေဘေးကြောင့် လူပေါင်း ၁ သိန်းခန့် ပြောင်းရွှေ့ခဲ့ရ
DVB
·
July 23, 2017
နိုင်ငံတ၀န်း ရေဘေးကြောင့် လူပေါင်း ၁ သိန်းခန့် ပြောင်းရွှေ့ခဲ့ရ
1 / 4
Donate to DVB

 

မြန်မာနိုင်ငံတဝန်းမှာ ရေဘေးကြောင့် ပြောင်းရွှေ့နေရသူပေါင်း တစ်သိန်းလောက်ရှိတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူးက ပြောပါတယ်။

ဌာနက ရထားတဲ့ စာရင်းတွေအရ လူပေါင်း ၉၇၀၀၀ ကျော် ပြောင်းရွှေ့ခဲ့ရပြီး မကွေးတိုင်းက အများဆုံးဖြစ်ကာ လူပေါင်း ၆၃၀၀၀ လောက် ပြောင်းရွှေ့ခဲ့ရတာပါ။

ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက “အခု ရေပြန်ကျတာ ရှိနေလို့ စစ်ကိုင်းမှာတော့ လျော့သွားနိုင်ပါတယ်။ ပဲခူးတိုင်းမှာတော့ ရွှေကျင်ဘက်က စာရင်းမရသေးပါဘူး။ ဌာနအနေနဲ့ကတော့ ဆန်ရိက္ခာတစ်ပတ်စာဖိုး ထောက်ပံ့ ပါတယ်။ လိုအပ်ရင်တော့ ငါးသေတ္တာလိုစားစရာတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်ကျော်က စလို့ ရေကြီးနေတာဖြစ်ပြီး စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်း၊ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တွေက မြို့ပေါင်း ၃၀ ကျော်က လူတွေ ရွှေ့ပြောင်းနေရတာပါ။

ဒီနေ့ ဇူလိုင် ၂၃ ရက်နေ့မှာလည်း ရခိုင်ပြည်နယ် သံတွဲမြို့မှာ ရေကြီးနေပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာ တော်တော်များများ ရေနစ်မြုပ်ခဲ့ပါတယ်။

သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က “စ တက်ခဲ့တဲ့အနေအထားနဲ့ဆိုရင် ၁ ပေခွဲလောက်တော့ ပြန်ကျသွားပြီ။ ဒါပေမယ့် ရေတက်ရေကျနဲ့ဆက်စပ်နေတဲ့နေရာဆိုတော့ ညဘက် ပြန်တက်နိုင်တယ်။ လောလောဆယ်တော့ ကယ်ဆယ်ရေးစခန်း ၃ ခုဖွင့်ပြီး အိမ်ထောင်စု ၁၀၃ စုကို ပြောင်းရွှေ့ ပေးထားပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာလည်း စစ်တောင်းမြစ်ရေ ဒီနေ့ မနက်ပိုင်းက ရပ်ကွက်အချို့ထဲ ရေဝင်ရောက်လာတဲ့အတွက် အိမ်ထောင်စု ၆၈ စု၊ လူဦးရေ ၃၀၇ ဦး အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မနက်ဖြန်အထိ ခန့်မှန်းချက်အနေနဲ့ တနိုင်ငံလုံးမှာ မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013